နားလည်ပေးရလွန်းလို့ ရင်တွေလဲ နာလှပြီ
ခွင့်လွှတ်ရလွန်းလို့ ဘာမှတောင်မကျန်တော့ဘူး
စာနာပေးလွန်းလို့ နာကျင်ရတာလဲများပြီ
မပြောရက်လို့ အံကြိတ်ရလွန်းလို့ နှုတ်ခမ်းတွေလဲ ပေါက်နေပြီ
မကြည့်ရက်လို့ မျက်လုံးမှိတ်ထားရတာ အမြင်တွေလဲ ၀ါးနေပြီ
သည်းခံလွန်းလို့ သွေးတွေပါကျနေပြီ
ခံစားရလွန်းလို့လဲ သည်းခြေ ပျက်နေပြီ
နင် ......
ငါ့ဆီက ဘာများလိုချင်နေသေးလို့လဲ ....
ငါ့ရင်မှာ ဒဏ်ရာတွေအပြည့်နဲ့
ငါ့ပါးထက်က မခမ်းနီုင်တဲ့ မျက်ရည်မြစ်ကို တွေ့ချင်တာလား
ငါ အရှုံးပေးထားပါတယ်
အရှုံးပေးထားပါတယ် ...............
ဆုလေးနွယ်

0 comments:
Post a Comment