အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ထိုင်းငါးဖမ်းလုပ်ငန်းတွင် အလုပ်သမားများအား ဖိနှိပ်ဆက်ဆံမှုများ ရှိနေကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ထုတ်ပြန်

ထိုင်းငါးဖမ်းလုပ်ငန်းတွင် အလုပ်သမားများအား ဖိနှိပ်ဆက်ဆံမှုများ ရှိနေကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ထုတ်ပြန်

Written By MyanmarChnnel@ on Wednesday, September 4, 2013 | 6:27 AM

ထိုင်းနိုင်ငံ ဆမွတ်ဆခွန်၌ ငါးဖမ်းလှေပေါ်မှ ရွှေ့ပြောင်းအလုပ်သမားများကို ၂၀၁၂ ခုနှစ်က တွေ့ရစဉ် (Photo:AP/ILO)
ထိုင်းနိုင်ငံ၏ ငါးဖမ်းလုပ်ငန်းတွင် အလုပ်သမားများအား အတင်းအဓမ္မ စေခိုင်းမှုနှင့် အကြမ်းဖက်မှုများ ရှိနေကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့က စက်တင်ဘာ ၂ ရက်တွင် သတိပေး ပြောကြားလိုက်သည်။
အိုင်အယ်လ်အို၏ လေ့လာတွေ့ရှိမှု တစ်ခုအရ အထောက်အထား စာရွက်စာတမ်း မရှိသော မြန်မာနှင့် ကမ္ဘောဒီးယား အလုပ်သမားများ အနက်မှ ၁၇ ရာခိုင်နှုန်းသည် အာဏာပိုင်များ၏ ဒဏ်ငွေရိုက်ခံရမှုများ၊ အကြမ်းဖက် ခံရမှုများ၊ ကြိမ်းမောင်းမှုများကို ကြုံတွေ့နေရကြောင်း သိရသည်။
တစ်နှစ်လျှင် ဒေါ်လာခုနစ်ဘီလျံ တန်ဖိုးရှိသည့် ငါးများကို တင်ပို့ရောင်းချနေသည့် ထိုင်းနိုင်ငံသည် ကမ္ဘာပေါ်တွင် တန်ဖိုးအားဖြင့် တတိယအများဆုံး ငါးတင်ပို့ရောင်းချနေသည့် နိုင်ငံဖြစ်ပြီး ငါးဖမ်းအလုပ်သမားများအား အလွန်အကျွံ ခိုင်းစေမှုနှင့် ပတ်သက်၍ နိုင်ငံတကာ၏ ဖိအားများကို ရင်ဆိုင်နေရသည်။
"အခု လေ့လာတွေ့ရှိမှုအရ ထိုင်းငါးဖမ်းလုပ်ငန်းမှာ ဖိနှိပ်ဆက်ဆံမှုတွေ ရှိနေတယ်ဆိုတာ တွေ့ရပါတယ်။ သူတို့ရဲ့ ပုံမှန်မဟုတ်တဲ့ လုပ်ငန်းခွင်မှာ ခေါင်းပုံဖြတ်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်" ဟု အိုင်အယ်လ်အို အကြီးတန်းအရာရှိ မက်စ်တန်နွန်က ပြောကြားသည်။
လေ့လာမှုတွင် မေးမြန်းခဲ့သည့် အလုပ်သမား ၁၀ ရာခိုင်နှုန်းက ငါးဖမ်းလှေများတွင် ဆိုးရွားစွာ ရိုက်နှက်ခံရကြောင်း၊ ၂၅ ရာခိုင်နှုန်းက တစ်နေ့လျှင် ၁၇ နာရီမှ ၂၄ နာရီအထိ အလုပ်စေခိုင်းခံရကြောင်း ပြောကြားခဲ့သည်။
မေးမြန်းခဲ့သူ ၅၉၆ ဦး၏ လစာမှာ တစ်ဦးလျှင် ပျမ်းမျှ ၆၄၈၃ ဘတ် (ဒေါ်လာ ၂၀၀) သာဖြစ်ပြီး ၎င်းတို့အနက်မှ တစ်ယောက်၌သာ အလုပ်လုပ်ခွင့် ပါမစ်ရှိကြောင်း သိရသည်။ ၎င်းတို့အထဲတွင် အသက် ၁၅ နှစ်အောက် ကလေးအလုပ်သမား ခုနစ်ဦးနှင့် ၁၅ နှစ်နှင့် ၁၇ နှစ် အကြားရှိသူ ၂၆ ဦး ပါဝင်ကြောင်း သိရသည်။
"ပင်လယ်ပြင်မှာ ငါးဖမ်းကြာကြာထွက်ရတဲ့ အလုပ်သမားတွေကို မေးမြန်းခဲ့မယ်ဆိုရင် သိရှိရမယ့် အခြေအနေဟာ ပိုမိုဆိုးရွားဖို့ပဲ ရှိပါတယ်" ဟု တန်နွန်က ပြောကြားခဲ့သည်။
ငါး၊ ပုစွန်မွေးမြူရေးနှင့် ထုပ်ပိုးမှု လုပ်ငန်းများသည် ထိုင်းစီးပွားရေးတွင် ၁ ဒသမ ၂ ရာခိုင်နှုန်းခန့် ပါဝင်နေကြောင်း အိုင်အယ်လ်အို၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
သို့သော် ငါးသယံဇာတ လျော့ကျလာသောကြောင့် ငါးဖမ်းလှေများ ပိုမိုဝေးလံစွာ ငါးသွားဖမ်းရသဖြင့် လောင်စာစရိတ် မြင့်တက်လာခဲ့သည်။ "ကုန်ကျစရိတ် လျှော့ချဖို့ ပင်လယ်အစားအစာ ဖြန့်ဖြူးသူတွေမှာ ဖိအားများလာတာကြောင့် နည်းလမ်းမျိုးစုံနဲ့ ဆောင်ရွက်မှုက ထိုင်းပင်လယ်စာ လုပ်ငန်းအတွက် အလုပ်သမားစရိတ် အပြိုင်အဆိုင် လျှော့ချဖို့ ဖြစ်လာပါတယ်" ဟု အစီရင်ခံစာက ဖော်ပြခဲ့သည်။
lwan saung
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်