အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ထိုင်းအာဏာပိုင်များနှင့် အလုပ်သမားအဖွဲ့အစည်းများ မြန်မာရွှေ့ပြောင်း အလုပ်သမားများအရေး ဆွေးနွေး

ထိုင်းအာဏာပိုင်များနှင့် အလုပ်သမားအဖွဲ့အစည်းများ မြန်မာရွှေ့ပြောင်း အလုပ်သမားများအရေး ဆွေးနွေး

Written By MyanmarChnnel@ on Wednesday, September 4, 2013 | 6:26 AM

ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းအလုပ်သမားများအရေးနှင့် ပက်သက်၍ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်မှ တာဝန်ရှိသူများနှင့် မြန်မာရွှေပြောင်းအလုပ်သမားအဖွဲ့အစည်းများ အကြားဆွေးနွေးပွဲတစ်ရပ်ကို ယနေ့နံနက် ၉ နာရီအချိန် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲသို့ တာ့ခ်ခရိုင် ဒု-၀န်၊ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာန၊ တာ့ခရိုင် မဲဆောက်မြို့နယ်ရဲတပ်ဖွဲ့၊ တာ့ခ်ခရိုင် စက်မှုလုပ်ငန်းရှင်ကြီးများ အသင်းနှင့် တိုင်းရင်းသားများလူ့အခွင့်အရေးဆိုင်ရာ ဆပ်ကော်မတီ၊ ရှေ့နေများကောင်စီ တို့က တက်ရောက်ပြီး၊ ထိုင်းနိုင်ငံအခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးဆောင်ရွက်နေသော YCOWA၊ ALC၊ BLC ၊ BP၊ DPNSနှင့် တခြားအဖွဲ့များ၊ လူ့အခွင့်အရေးဆောင်ရွက်နေသော AHRDOနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့များ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် တာ့ခ်ခရိုင်တာဝန်ရှိ အရာရှိများမှ ထိုင်းနိုင်ငံ၏ ရွှေ့ပြောင်းအလုပ်သမား ဥပဒေများကိုရှင်းလင်းပြပြီး၊ မြန်မာအဖွဲ့အစည်းများမှ အလုပ်သမားတို့၏ ရပိုင်ခွင့်လုပ်အားခနှင့် တစ်ခြားအလုပ်သမားအခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ၊ ထိုင်းနိုင်ငံအစိုးရ၏ ဥပဒေမူဝါဒများကို မေးမြန်း၊ ဆွေးနွေးခဲ့ကြသည်။
တာ့ခ်ခရိုင်ဒု-၀န်က တာ့ခ်ခရိုင်အတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများ လျော့နည်းလာမှုနှင့် ထိုင်း-မြန်မာနယ်စပ် စီးပွားရေးဇုန်အတွက် လိုအပ်သည့် အလုပ်သမားအင်အား မရရှိမည်ကို စိုးရိမ်မိကြောင်း၊ ယာယီပါ့စ်ပို့ထုတ်ပေးပြီးနောက်ပိုင်းတွင် မဲဆောက်မှ ဘန်ကောက်သို့ သွားရောက်အလုပ်လုပ်ကိုင်ခြင်းကြောင့် တာ့ခ်ခရိုင်အတွင်းအလုပ်သမားအင်အား လျော့နည်းလာခြင်းဖြစ်ကြောင်း၊ ထိုသို့လျော့သွားသည့်အတွက် တာ့ခ်ရိုင်လုပ်ငန်းရှင်များ၏ အကျိုးစီးပွားကို များစွာထိခိုက်ခြင်း တို့ကြောင့် လွတ်လပ်စွာခရီးသွားလာခြင်းကို ဥပဒေအရ ကန့်သတ်လိုက်ရခြင်းဖြစ်ကြောင်း ပြောသည်။
"ဒီဆွေးနွေးပွဲက ထိုင်းပြည်ထဲရေးဝန်ကြီးဌာနကနေ ဒီနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ခရိုင်တစ်ခုကနေ ခရိုင်တစ်ခုကို ခရီးသွားလာခွင့်နဲ့ ပက်သက်ပြီးတော့ အယင်ထက်ပိုပြီး ကန့်သတ်လိုက်တဲ့ ဥပဒေအပေါ်မှာ အလုပ်သမားတွေရဲ့ တုန့်ပြန်ချက်တွေ၊ ပြီးတော့ CBO၊ INGO၊ NGO အဖွဲ့အစည်းတွေရဲ့ ထင်မြင်ယူဆချတွေကို အဓိကသူတို့ feedback ယူတာဖြစ်တယ်။ မြန်မာနိုင်ငံဘက်က ယာယီနိုင်ငံကူးလက်မှတ် စပြီးထုတ်ပေးတဲ့ အချိန်က ရွှေ့ပြောင်းအလုပ်သမားတွေက ဒီမဲဆောက်ကနေ ဘန်ကောက်ကို Work permit တွေ၊ အလုပ်ရှင်ထောက်ခံချက်တွေ မလိုဘဲသွားလာလို့ရတယ်။ ထိုင်းတစ်နိုင်ငံလုံးကို လွတ်လပ်စွာ သွားလာခွင့်ရှိတယ်။ ခုထုတ်ပြန်လိုက်တဲ့ ဥပဒေက ရွှေ့ပြောင်းအလုပ်သမားတွေဟာ မဲဆောက်ကနေ ဘန်ကောက်ကို ဖြစ်ဖြစ် ထိုင်းနိုင်ငံအတွင်းပိုင်းကို အလည်အပတ်အနေနဲ့သွားမယ်ဆိုရင်တောင် သက်ဆိုင်ရာ ထိုင်းအာဏာပိုင်တွေရဲ့ ထောက်ခံချက်၊ အလုပ်ချင်ရဲ့ ထောက်ခံချက်   တွေကိုယူပြီးမှသွားလို့ရတယ်။ ဒါတောင် တစ်မြို့ကနေ တစ်မြို့ကိုသွားမယ်ဆိုရင် ရက်အကန့်အသတ်နဲ့ဘဲ သွားလာခွင့်ရှိပါတယ်။" ဟု ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ကိုမင်းခန့်က ပြောသည်။
ရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေကြသော အဖွဲ့အစည်းများက တာ့ခ်ခရိုင်၊ မဲဆောက်မြို့အတွင်း အလုပ်သမားများခံစားခွင့်လစာ နည်းပါးမှုကြောင့် ယခုကဲ့သို့ ထိုင်းနိုင်ငံအတွင်းပိုင်းသို့ သွားရောက်အလုပ်လုပ်ကိုင်ရခြင်း ဖြစ်ကြောင်း၊ အကယ်၍ မဲဆောက်မြို့ရှိ အလုပ်သမားများခံစားခွင့်နေ့စားခကို တိုးမြှင့်ပေးပါက ယခုကဲ့သို့ အလုပ်သမားအင်အားလိုအပ်ချက် ပြဿနာဖြစ်ပေါ်လာမည်မဟုတ်ကြောင်း အကြံပေးပြီး၊ သို့တည်းမဟုတ် တာဝန်ရှိသူများအနေဖြင့် ခရီးသွားလာခြင်းကို ကန့်သတ်ခြင်းမဟုတ်ဘဲ တခြားနည်းလမ်းများရှာဖွယ်သင့်ကြောင်း စသဖြင့် ဆွေးနွေးခဲ့ကြသည်။
တာ့ခ်ခရိုင်အလုပ်သမားရေးရာ တာဝန်ရှိသူက မဲဆောက်ရှိ အလုပ်သမားများခံစားခွင့်နေ့စားခကို တိုးမြှင့်မည်ဆိုပါက အလုပ်သမားများ၏ အရည်အသွေးများကိုမြှင့်တင်ရန်လိုအပ်ကြောင်း မြန်မာဘက်မှ မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် အရည်အသွေးမြှင့်တင်သည့် လုပ်ဆောင်ချက်များမရှိသေးကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် အလုပ်သမားလိုအပ်ချက်ကို ထိုင်းနိုင်ငံအတွင်းသို့ အလုပ်သမားခေါ်ယူခြင်းမဟုတ်ဘဲ အလတ်စား၊ အသေးစားလုပ်ငန်းများကို လာအို၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မြန်မာနိုင်ငံများသို့ သွားရောက် ရင်းနှီးမြုပ်နှံသွားရန် ထိုင်းစီးပွားရေး လုပ်ငန်းရှင်များအားတိုက်တွန်းထားကြောင်း ပြောကြားခဲ့သည်။
မဲဆောက်မြို့တွင် သတ်မှတ်ထားသည့် နေ့စားခ ၂၂၆ဘတ်ကို မရသည့်အတွက်ကြောင့် ထိုင်းနိုင်ငံ အတွင်းပိုင်းများသို့ သွားရောက်လုပ်ကိုင်ရခြင်းဖြစ်သည်။ တာ့ခ်ခရိုင်အလုပ်သမားရေးရာ တာဝန်ရှိသူက မဲဆောက်မြို့ရှိ အလုပ်သမားများနေ့စားခကို သုံးနှစ်အတွင်း ဘတ်ငွေ ၃၀၀ အထိရရှိနိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လုပ်အားခတိုးမြှင့်ပေးရန်မှာလည်း မိမိတို့အနေဖြင့် အလုပ်ရှင်များအား အမိန့်ပေး၍မရ တိုက်တွန်းနှိုးဆော်၍သာရနိုင်ကြောင်း၊ ထို့ကြောင့် လုပ်အားခ တစ်နေ့ကို ဘတ်ငွေ ၃၀၀ ရရှိရန် တစ်နှစ်ကို လုပ်အားခ ၁၀ရာခိုင်နှုန်းစီ တိုးမြှင့်ပေးရန် အလုပ်ရှင်များအား တိုက်တွန်းထားကြောင်း ပြောကြားသည်။
lwan saung
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်