အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » MWRN ကွန်ယက်မှ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ကွန်ပျူတာသင်တန်း အခမဲ့ဖွင့်လှစ်ပေးနေ

MWRN ကွန်ယက်မှ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ကွန်ပျူတာသင်တန်း အခမဲ့ဖွင့်လှစ်ပေးနေ

Written By MyanmarChnnel@ on Wednesday, September 4, 2013 | 6:20 AM


ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့အခြေစိုက် ရွှေ့ပြောင်း အလုပ်သမားများ အခွင့်အရေး ကွန်ယက် (MWRN)က မြန်မာနိုင်ငံမှ အလုပ်လာလုပ်နေကြသော ရွှေ့ပြောင်းအလုပ်သမားများအား ကွန်ပျူတာ သုံးလသင်တန်းကို စက်တင်ဘာလ ၂ ရက်နေ့မှစ၍ အခမဲ့ဖွင့်လှစ်ပေးနေကြောင်း MWRN ကို တည်ထောင်သူ တစ်ဦးဖြစ်သူ ကိုဇော်မှ ပြောသည်။
ဓါတ်ပုံ - www.mwrn.orgဓါတ်ပုံ - www.mwrn.org
သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ၄င်းက " ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ ကွန်ယက်မှာ ပုံမှန်သင်ကြားပေးနေတဲ့ တနင်္ဂနွေနေ့ အခြေခံကွန်ပျူတာ သင်တန်းကို နောက်ထပ် တက်လာကြမဲ့ အလုပ်သမားအသစ်တွေကို ပြန်ပြီးသင်ကြားပေးနိုင်ဖို့အတွက် ဖွင့်လှစ်ပေးတာ ဖြစ်ပါတယ်။ သင်တန်းကတော့ သုံးလသင်တန်း ဖြစ်ပြီးတော့ ဒီနေ့ပဲ စပြီးသင်ကြားပါတယ်။ " ဟု ပြောသည်။
အဆိုပါသင်တန်းကို ကွန်ပျူတာနည်းပညာရှင်တစ်ဦးဖြစ်သည့် ညီနေမင်း (နည်းပညာ)မှ သင်ကြားပေးမည်ဖြစ်ကြောင်း ကိုဇော်ကဆိုသည်။ ယခု ဖွင့်လှစ်မည့် အခမဲ့ ကွန်ပျူတာသင်တန်းမှာ တနင်္လာနေ့မှ သောကြာနေ့အထိ၊ သင်တန်းချိန် ညနေ ၆ နာရီမှ ၈ နာရီထိဖြစ်ပြီး သင်တန်းသူ/သား ၁၄ ဦးမှ တက်ရောက်သင်ကြားမည် ဖြစ်ကြောင်း သိရသည်။
ရွေးချယ်ထားသော သင်တန်းသူ/သားများမှာ ကွန်ယက်မှ ကော်မတီဝင်များနှင့် ယခင် အခြေခံ ကွန်ပျူတာ သင်တန်းကို ၆ လ တက်ထားပြီးသူများဖြစ်ပြီး ၄င်းတို့အား ပညာသင်ဆုပေးသည့် အနေဖြင့် ကိုညီနေမင်းနှင့် သင်ကြားပေးခြင်းဖြစ်ကြောင်း ကိုဇော်မှ ဆက်ပြောသည်။
" အခု ရွေးချယ်ထားတဲ့ သင်တန်းသား ၁၄ ဦးကတော့ ကွန်ယက်က ကော်မတီဝင်တွေအပြင် အရင်တုန်းက အခြေခံ ကွန်ပျူတာ သင်တန်းကို ၆ လ တက်ဖူးတဲ့ အလုပ်သမားတွေထဲက ရွေးချယ်ထားတာ ဖြစ်ပါတယ်။ သူတို့ကို ပညာသင်ဆု ပေးတဲ့အနေနဲ့ အခုလို သင်တန်းဖွင့်လှစ်ပြီးတော့ ကိုညီနေမင်းနဲ့ သင်ကြားခွင့်ပေးတာ ဖြစ်ပါတယ်။ " ဟု ပြောသည်။
မဟာချိုင်မြို့အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားများ အခွင့်အရေး ကွန်ယက် (MWRN) မှာ လွန်ခဲ့သော ၂ နှစ်ကတည်းက ရွှေ့ပြောင်း အလုပ်သမားများအား အင်္ဂလိပ်ဘာသာ၊ ထိုင်းဘာသာနှင့် အခြေခံ ကွန်ပျူတာ သင်တန်းများကို သင်ကြားပေးနေကြောင်း သိရသည်။
MWRN ကွန်ယက်ကို ၂၀၀၉ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် ပတ်သက်သော အရေးကိစ္စပေါင်းစုံ မှန်သမျှကို ကူညီဆောင်ရွက်ပေးနေသော ကွန်ယက်တစ်ခုလည်း ဖြစ်သည်။
lwan saung
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်