အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » အလွမ်းပြတင်း

အလွမ်းပြတင်း

Written By MyanmarChnnel@ on Tuesday, September 3, 2013 | 6:08 AM


အလွမ်းပြတင်းမင်းရှိရာ အရပ်ဆီ မှန်းမျှော်ကာငေး
ပြတင်းလေး အသာဖွင့် နားစွင့်မိတယ်
ကောင်းကင်ခရီးသွား တိမ်တိုက်များကို
မင်းအကြောင်းမေးရင်း ....
အလွမ်းများနဲ့ပေါ့ ။
မင်းရှိရာအရပ်က တိုက်ခတ်လာတဲ့
လေပြေညှင်းရယ် ....
ပြောပြလှည့်ပါ သူ ... အမှာတော်ပါးတဲ့
အလွမ်းစကား ကြားချင်လွန်းလို့။
မင်းနဲ့ထပ်တူခံစား
အလွမ်းများက ရေမြေအနှံ့
ပျံ့နှံ့နေလို့ ....
မင်းသတိရကြောင်း ညရဲ့လမင်း
ပြောပြစဉ်မှာ ရင်မှာပွေ့ဖက်
မင်း အလွမ်းများကို။
ရေမြေတောတောင်ကာဆီး
အနယ်နယ်ခြားလို့ မနီးသေးတဲ့ဘ၀မှာ
ကောင်းကင်ပြာအောက် အတူရှိတယ်ဆိုတဲ့
အတွေးတစ်ခုနဲ့ စိတ်ကူးနဲ့မျှော်မှန်း
ကြည်နူးစွာ အလွမ်းများကို ဖြေသိမ့်ရင်း
မျှော်ငေးမိတယ် သူ ရှိရာသို့ ။
မဆုံနိုင်သေးတဲ့ ခုချိန်ခါမှာ
သတိရခြင်းဆိုတဲ့ ခေါင်းစဉ်ကို
ရင်မှာ သိမ်းရင်း ......
မျှော်နေမိတယ် အလွမ်းပြတင်းလေးရယ်မှ ........

ဆုလေးနွယ်.......
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်