အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ရူးလဲရူးတဲ့ ငါ ..

ရူးလဲရူးတဲ့ ငါ ..

Written By MyanmarChnnel@ on Wednesday, September 4, 2013 | 6:38 AM

ရူးလဲရူးတဲ့ ငါ .........
မဖြစ်နိုင်မှန်းသိရက်နဲ့
သူ့ရှေ့ရောက်ရင်ဘာလို့ကျရှုံးနေရတာလဲ...

ငါ့မာနတွေ 
ဘယ်ရောက်နေတာလဲ ငါမသိဘူး။

နင်မေ့လိုက်စမ်းပါဟာ.....
နင်ပဲခံစားရမှာ နင်ပဲနာကျင်နေရမှာ
နင်ပဲရူးနေတာ..

သူကမရူးဘူး
မင်းမရှိလဲ ၀မ်းမနည်းဘူး
သူပြောတဲ့စကားလောက်နဲ့
နင်ကျေနပ်နေပျော်ရွှင်နေတာလား?

နင့်ကို ရူးလောက်အောင်ချစ်တဲ့သူကိုကျတော့
နင်ကမေ့နေတယ်..
နင်ခံစားမနေနဲ. .....
မေ့လိုက်စမ်းပါ မေ့လိုက်စမ်းပါ..

ရယ်နေလိုက်ပါ
မျက်ရည်ကြည်တွေ ကျတဲ့ထိပေါ့
နင်ရယ်နေလိုက်ပါ....
ခဏတာအတွက် နင်ရူးမနေနဲ့

နင်ဟာမာနမင်းသမီးဆိုတာတော့မမေ့နဲ့နော်...
နင်မာနတွေနဲ့ မုန်းလိုက်ပါ .....

မလွယ်ပေမဲ့ နင်ရူးလိမ့်မယ် ....
နင်ရူးလိမ့်မယ် ......

ဆုလေးနွယ်

(၂၀၁၁၊ ဒီဇင်ဘာလ ၂၁ ရက် နေ့က ရေးခဲ့သော ကဗျာလေးပါ ... တွေ့လို့ပြန်တင်လိုက်ပါတယ် )
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်