မဆုံနိုင်သေးပေမယ့် မျှော်လင့်နေတယ်မောင် ....
မတွေ့သေးပေမယ့် ရင်ခုန်မိပါတယ်
မဝေးတော့ဘူးဆိုတဲ့ အသိနဲ့ ကြည်နူးရပါတယ်
ကြင်နာမှုတွေ မခံစားရသေးပေမယ့် ပျော်ရွှင်မိပါတယ်
ယုယမှုတွေ မခံယူရသေးပေမယ့် နှစ်သက်မိပါတယ်
ပြန်လာတော့မယ် အသိနဲ့ ရွှင်မြူးမိတယ်မောင်ရေ ........
အလွမ်းတွေ အဆုံးသတ်ဖို့ နေ့ရက်တွေလဲ ကုန်ချင်လှပြီ
အတူရှိနေမယ့် နေ့လေးတွေမှာ ချစ်စရာစကားတွေဆိုရင်း
အေးအတူ ပူအမျှအတူရှိနေမယ့် နေ့လေးတွေလဲ ပိုင်ဆိုင်ချင်လှပြီ
မနက်ဖြန်ဆိုတဲ့နေ့သစ်တစ်ခု ရောက်လာတိုင်း
မကြာတော့ပါဘူးဆိုတဲ့ အသိနဲ့ အသက်ဆက်နေမိတဲ့အထိ ချစ်ရပါတယ်
မေ့ ရင်ထဲက မြတ်နိုးယုယ ချစ်ရတဲ့မောင်ရယ် ......
ဆုလေးနွယ်
မြတ်နိုးယုယ ချစ်ရပါသော မောင်
Written By MyanmarChnnel@ on Friday, September 20, 2013 | 8:32 PM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
0 comments:
Post a Comment