ချစ်သူ
နေ့ရက်တိုင်းမှာ သတိရလွမ်းဆွတ်မှုတွေကို ကြီးစိုးတယ် ...
နိုးတစ်ဝက် အိပ်မက်နဲ့ အိပ်ပျက်ညတွေလဲ မရေတွက်နိုင်တော့ပါဘူး ...
ငါ့အိပ်မက်ကမ္ဘာကိုလဲ နင် နေရာယူ စိုးမိုးထားတယ် ...
သတိရတိုင်း နင်ပြောဖူးတဲ့ စကားလေးတွေ နင်ချန်ထားတဲ့စာလေးကို
အခါခါပြန်ဖတ်နေမိတာလဲ မောရမှန်းတောင် မသိခဲ့ပါဘူး .....
ဖုန်းကလေး မြည်လာရင် နင်များလားလို့ အတွေးတစ်ပိုင်းနဲ့
ရူးခဲ့ရသူလဲ ငါ ပါ ဟာ ...
ငါ့အတွေးတွေကို နင်အချိန်တိုင်း နေရာယူထားပါတယ် .....
ငါ့စိတ်ကူးတွေကို လဲ သိမ်းပိုက်ထားပါတယ် ...
နင်သာ ငါ့ဘ၀ရဲ့ အချစ်ဆုံးသောချစ်သူပါ ဟာ....
ငါ ချစ်တဲ့ အချစ်တွေ အလွမ်းတွေကို နင် သတိတရ နားလည်ခံစားပေးပါချစ်သူရယ်....
နင် ပြန်လာမယ့်အချိန်ကိုလဲ ငါ လက်ချိုးရေတွက်ရင်းနဲ့ မျှော်နေပါတယ်...
ငါ့ဘ၀ရဲ့ မပြောင်းလဲသော ချစ်သူက နင်ပါပဲ ဟာ .....
ဆုလေးနွယ်
မပြောင်းလဲသော ချစ်သူ
Written By MyanmarChnnel@ on Friday, September 20, 2013 | 8:28 PM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
0 comments:
Post a Comment