ချစ်သူရေ....
ငါတို့ဟာ သုညလဲကြပဲနဲ့ ဆုံနိုင်ခွင့်တစ်ခုအတွက်
နေ့သစ်က ပြန်စကြရတော့မယ်
မျှော်လင့်ချက်ကို ပန်းတိုင်တည်ပြီး
ငါ တို့လျှောက်လှမ်းခဲ့တာ တစ်နှစ်တာလဲ ကျော်ခဲ့ပြီနော်...
ချစ်သူအပြုံးကို မြင်တွေ့ရဖို့
ဘယ်ကြယ်ကြွေတာကို ငါ ထပ်စောင့်ရအုံးမှာလဲ
အလွမ်းတွေကို နှောင်ထုံးဖွဲ့ပြီး
သော့ခတ်သိမ်းထားလို့မှ မရတာ
ဖြေသိမ့်ဖို့အတွက် မင်းအနားပဲလိုတယ်...
ဝမ်းနည်းခြင်းဆိုတဲ့ မြစ်တစ်စင်းမှာ
ကြေကွဲခြင်းဆိုတဲ့ တို့နှစ်ယောက်မျက်ရည် တိမ်စိုင်တွေ
သွားရောက်ပေါင်းစည်းကြတာပေါ့....
လောကရဲ့ ကကြိုးအောက်မှာ
ရှုံးနိမ့်ခဲ့တယ်ဆိုရင်တောင်
ပြန်လည်ရှင်သန်ခြင်းဆိုတဲ့ အချက်တစ်ခုက
အနိုင်ရသူထက် သာပါတယ် .....
ဆုလေးနွယ်
ဘယ်ချိန်ထိစောင့်နေရအုံးမှာလဲ
Written By MyanmarChnnel@ on Sunday, September 15, 2013 | 9:48 PM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
0 comments:
Post a Comment