နင်အမှတ်တမဲ့နဲ့ ထားခဲ့ပေမယ့်
ငါ့ရင်မှာတော့ အမှတ်တရတွေက
ဗလပွပါ ...
ချစ်သူရေ ....
နင်ပစ်ချသွားတဲ့
အမှတ်တမဲ့ အမှတ်မထင်
အရေးမပါ သာမန်ကိစ္စတွေ က အစ
အမှတ်တရ ဖြစ်စေခဲ့လို့ ကျေးဇူးပါ ...
ငါ ဆိုတဲ့ ငါ က.. နင့်အတွက်
နင်စွန့်ပစ်ရာ အမှိုက်တွေကြား
အမှိုက်တွေဖွရင်း နင့်အတွက် ငါ့ ဘ၀ကို
အမှိုက်ပုံလို ချသုံးထားခဲ့တာ ....
နင် ...
စကားတစ်ခွန်းထဲနဲ့
အိပ်မက်တွေကို ရိုက်ချိုး
မျှော်လင့်ခြင်းတွေ တားဆီးပစ်ပြီး
င့ါနံရံပေါ် အမှတ်တရတွေပဲ ခြစ်ခဲ့တယ်...
သတိရတိုင်း
ရင်ဘတ်ထဲက တစ်စစီဆွဲထုတ်
အတိတ်ကို ဖန်သားပြင်လုပ်
အလွမ်းတွေသာပြန်နွေးနေရင်း
တမ်းတခြင်းကို အံတုခုခံနေရလို့
ငါ .... ရီနိုင်အောင် ကြိုးစားနေရတာတဲ့
အဲဒီ အချိန်ကို မုန်းလွန်းလို့ .......
ငါ့ရဲ့ ချစ်လှစွာသော ချစ်သူရေ
နင်ရဲ့ အမှိုက်တွေကို
ငါ့ရင်ခွင်ထဲက ကျေးဇူးပြုပြီး
လာသိမ်းသွားပါ ......
ဆုလေးနွယ်
လာသိမ်းသွားပါ
Written By MyanmarChnnel@ on Sunday, September 15, 2013 | 10:10 PM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
0 comments:
Post a Comment