အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » တိတ်တဆိတ်ပဲရူးခွင့်ပေးပါ မောင်ရယ်

တိတ်တဆိတ်ပဲရူးခွင့်ပေးပါ မောင်ရယ်

Written By MyanmarChnnel@ on Sunday, September 15, 2013 | 10:15 PM

ကျွန်မ မြတ်နိုးစွာနဲ့ မောင်လို့ခေါ်ခွင့်ရခဲ့တဲ့
ကျွန်မချစ်သူကို
အမှတ်တမဲ့ မမြင်ဖူးပဲ လေလှိုင်းတစ်ခုမှာ
ရင်ခုန်ရစ်မူးစွာ ကျွန်မချစ်မိသွားခဲ့တယ်။

မောင်လို့ ကျွန်မ မြတ်နိုးစွာ ချစ်မိတဲ့
ကျွန်မ အမှားတစ်ခုက သံသယမရှိ
အကြွင်းမဲ့ ချစ်မိနေခြင်းပါပဲ....
မှားယွင်းမှုကို သိနေပေမယ့်
နောက်ဆုတ်ဖို့အတွက် ကျွန်မစိတ်နဲ့ ကျွန်မ
အကြိမ်ကြိမ်ရန်ဖြစ်နေခဲ့တယ်။


ကျွန်မအတ္တတစ်ခုအတွက်နဲ့တော့
မောင့်နဲ့ မောင့်ချစ်သူကို စိတ်မညစ်စေချင်ဘူး....
ကျွန်မထက်မလျော့တဲ့ အချစ်နဲ့ သူချစ်နေမယ်ဆိုတာ ယုံကြည်တယ်
မောင်.... သီချင်းထဲကလို
ဘယ်ရည်စားကို အချစ်ဆုံးလဲလို့မေးရမှာလား
မောင့်ရည်စားတွေထက် ပိုချစ်တယ်လို့ပြောရမှာလား။

မသေချာသေးတဲ့ အခြေတစ်ခုမှာ
မောင်ပေးတဲ့ အချိန်တွေ မောင့်မေးလ်တွေအတွက်
ကျေးဇူးပါပဲမောင်....
နှလုံးသားဆန္ဒတစ်ခုရဲ့တောင်းဆိုမှုကြောင့်
ဘာဆိုဘာမှ ပိုင်ဆိုင်ခွင့်မရရှိတော့ဘူးလို့
သိရှိနေတဲ့အခါ တိတ်တဆိတ်ငိုချင်မိတယ်
မောင်နဲ့ဝေးတဲ့နေရာတစ်ခုမှာ ။

သေချာဆန်းစစ်တဲ့ခါ အလွန်အကျွံချစ်နေမိတဲ့
ကျွန်မနှလုံးသားက ခိုင်မာတဲ့အချစ်စစ်များနဲ့ပါ
ပိုင်ဆိုင်ခွင့်ဆိုတာ ချစ်ခြင်းရဲ့ အဆုံးသတ် အိပ်မက်လေးဖြစ်ပေမယ့်
မဖြစ်နိုင်တော့ဘူးဆိုရင် ဝေဒနာတွေနဲ့ တိတ်တဆိတ်လေး ရူးနေခွင့်ပေးပါ။
သေချာအဖြေရှာကြည့်လေမောင့်ကို မြတ်မြတ်နိုးနိုးနဲ့ ချစ်နေမိတဲ့
အမုန်းမရှိ အချစ်များကို ဖက်တွယ်ရင်း ...
တိတ်တဆိတ်ပဲ ရူးခွင့်ပေးပါ မောင်ရယ်......


ဆုလေးနွယ်

Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်