အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » မာမာလာ လက်ဖက်ရည်နှင့် AIDS

မာမာလာ လက်ဖက်ရည်နှင့် AIDS

Written By MyanmarChnnel@ on Wednesday, October 9, 2013 | 1:48 AM

မာမာလာ လက်ဖက်ရည်နှင့် AIDS

မာမာလာပင်ကရတဲ့ သစ်ခေါက် ကနေ ထုတ်ထားတဲ့ ဆေးလက်ဖက် ရည်မှာ AIDS ကို တိုက်ခိုက်နိုင်တဲ့ ဓာတ်ပေါင်းပါဝင်နေတယ်လို့ သိပ္ပံ ပညာရှင်တွေ တွေ့ရှိခဲ့ပါတယ်။ ဒီ ဆေး လက်ဖက် ရည်ကို တောင်ပစိဖိတ် ကျွန်းတစ်ကျွန်းဖြစ်တဲ့ Samoa ကျွန်း
မှာ တိုင်းရင်းဆေးဆရာတွေက အသည်း ရောင်ရောဂါကို ကုသအောင်မြင်ခဲ့ ရာကနေ သုတေသနပြုဖော်ထုတ် နိုင်ခဲ့တာဖြစ်ပါတယ်။



မာမာလာ ( mamala tree )ရဲ့ သစ်ခေါက်ကနေ ဖော်စပ်ထားတဲ့ လက်ဖ...က်ရည်မှာ ပါဝင်တဲ့ Prostratin ကြောင့် အခုလိုဗိုင်းရပ်တွေကို တိုက် ခိုက်နိုင်တာလို့ သုတေသီတွေက ယူဆခဲ့ပါတယ်။ ဓာတ်ခွဲခန်းမှာ Prostratin ကို စမ်းသပ်မှုများစွာ ပြု လုပ်ခဲ့ရာမှာ HIV ဗိုင်းရပ်ကို လူသားတွေရဲ့ ဆဲလ်တွေလို ကူးစက် ၀င်ရောက်ခြင်းမှ ကာကွယ်နိုင်ခြင်း၊ ခိုအောင်းနေသော ကူးစက်ပြီး ဗိုင်း ရပ်တွေကို တိုက်ခိုက်နိုင်ခြင်းတွေကို တွေ့ရှိခဲ့ပါတယ်။
လက်ရှိ HIV/ AIDS မှာ အသုံးပြုနေတဲ့ ဆေးဝါးတွေဟာ လူနာရဲ့ သွေးထဲက active ဖြစ်နေတဲ့ ဗိုင်းရပ်ပမာဏကိုနည်းပါးစေဖို့ ပစ် မှတ်ထားတာကြောင့် ဆေးဝါးရပ် လိုက်တာနဲ့ ဗိုင်းရပ်တွေ လျင်မြန် စွာများလာနိုင်ပါတယ်။ Protratin မှာတော့ အဲဒီ အာနိသင်ကိုချေဖျက် နိုင်ခြင်းရှိမရှိနဲ့ ကိုယ်ခန္ဓာထဲကနေ ဗိုင်းရပ်ကင်းစင် အောင် ပြုလုပ်နိုင် စွမ်းရှိမရှိကိုသုတေသီတွေ လေ့လာ နေပါတယ်။ National Cancer Institute ကတော့ အသည်းရောင် ခြင်း ကို Samoa တိုင်းရင်းဆေးနည်း က ကုသနိုင်ခဲ့ခြင်းမှာ Prostratin က အဓိကပါဝင်ပစ္စည်းဖြစ်တယ်ဆို တာအတည်ပြုထားပါတယ်။ သူ့ရဲ့ အားနည်းချက်ကတော့ Mamala အပင်ရဲ့ပင်စည်ကနေမှ prostratin ပမာဏအနည်းငယ်သာ ရရှိနိုင်ခြင်းပဲ ဖြစ်ပါတယ်။
ဒီလေ့လာမှုကို Stanford University မှ သုတေသီ Paul A Wender နဲ့အဖွဲ့က ဦးဆောင်ပြုလုပ်ခဲ့ တာဖြစ်ပါတယ်။

ငြိမ်းအေး

(ဆုလေးနွယ်)
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်