အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ကမ္ဘာ့သဘာဝအစွမ်းထက်ဆေးဝါးများရဲယိုသီး

ကမ္ဘာ့သဘာဝအစွမ်းထက်ဆေးဝါးများရဲယိုသီး

Written By MyanmarChnnel@ on Friday, October 11, 2013 | 5:47 AM




ရဲယိုသီး

အပင်၏ပင်စည်ပေါ်တွင်အညိုရောင်အစက်ပြောက်များပါရှိပေသည်။အပင်အခေါက်မှာကြမ်းတမ်းပြီးထူပေသည်။အပင်၏အရွက်များမှကြမ်းတမ်း၏။အရွက်မာကျောပြီးလှိုင်းတွန့်များတည်ရှိသည်။အပွင့်များသည်အနံ့မွေးပြီး
သေးယ်သောအဖြူရောင်ဖြစ်ပြီး၊ပန်းခိုင်ထိပ်တွင်ပန်းပွင့်စုံပြုံပြီးထွက်၏။အသီးမှာရှည်မျှောပုံသဏ္ဍန်၊အသီးခွံပါး
ပြီးအဖုထစ်ကလေးများပါသည်။မြန်မာပြည်ကုန်းတွင်းပိုင်းဒေသများနှင့်မြစ်ချောင်းကမ်းရိုးတန်းတလျှောက်
တွေ့ရှိနိုင်ပါသည်။အပင်ကိုစိုက်ပျိုးပင်အဖြစ်လည်းကောင်း၊သဘာဝပေါက်ပင်အဖြစ်လည်းကောင်းတွေ့ရှိနိုင်ပေသည်။

မြန်မာရိုးရာကုထုံးများ

မြန်မာ့ရိုးရာဆေးဝါးကုသရာတွင် ရဲယိုသီးနှင့် အခြားဆေးဘက်ဝင်အပင်များပေါင်းစပ်ပြီး သွားနှင့်ပင်သက်သောရောဂါများ၊အာခေါင်ပူခြင်း၊လေချုပ်ခြင်း၊၀မ်းဗိုက်နာခြင်း၊သည်းခြေဖောက်ပြန်ခြင်း၊နှာခေါင်းသွေးလျှံခြင်း၊နို့ချောင်းပိတ်ခြင်း၊သကျည်းကိုက်ခြင်း၊၀မ်းရစ်ခြင်း၊ပင်လယ်အူနာ၊ချောင်းဆိုးပန်းနာ၊တီဘီရောဂါ၊လေထိုးလေအောင့်၊၀မ်းဖောဝမ်းရောင်၊ရင်ပြည့်ရင်ကယ်၊နှလုံးရောဂါ၊သွေးလွန်ရောဂါ၊ဆီးချိုရောဂါ၊မီးယပ်သွေးချုပ်ခြင်းနှင့်ငုတ်ခြင်း၊လေငန်းရောဂါ၊အနာအဆာများမှ သွေးယိုစီးခြင်း နှင့် အဆစ်ရောင်ရောဂါတို့ကိုအိမ်တွင်းမှာပင်အလွယ်တကူကုသရာတွင်သက်သာပျောက်ကင်းစေနိုင်သည့် ရဲယိုသီးပင်ဖြစ်သည်။
ရဲယိုသီးအစေ့အဆီ
အသီးအနှံများမှအဆီအနှစ်ကိုထုတ်ယူပြီးရောဂါဘယများကိုကုသနိုင်ရန်အ
သုံးပြုလေ့ရှိသည်။ရရှိသောအဆီတွင် လင်နိုလီယမ်အက်စစ် ပါဝင်မှုကြောင့်အဖောရောဂါကိုကုသရာတွင်အသုံးဝင်အကျိုးပြုသည့်အပြင်
အရေးပြားများကိုအစိုဓာတ်ရရှိအောင်ထိန်းထားနိုင်ခြင်းကြောင့်အရေပြား
ရောဂါများတွင်ပိုမိုအသုံးဝင်ပေမည်။

ကမ္ဘာ့သဘာဝအစွမ်းထက်ဆေးဝါးများ

ဟာဝိုင်ယီ(Hawaii)ကျွန်းစုသည် ရဲယိုသီးကုန်ကြမ်းအဖြစ်နှင့် ကမ္ဘာ့ထုတ်ကုန်ပစ္စည်းအဖြစ်ထင်ရှားပါသည်။ထင်ရှားသည့်ရဲယိုဆေးဝါးမှာ
များသောအားဖြင့်သိပ္ပံနည်းကျထုတ်လုပ်ထားသည့်ရဲယိုသီးအဆီအနှစ်နှင့်ရဲယိုသီးအမှုန့်တို့ကိုစံချိန်ကိုက်ထုတ်ထားခြင်းပင်ဖြစ်သည်။ကမ္ဘာ့ကုန်သွယ်မှုဆေးတောင့်အဖြစ်ထုတ်ထားခြင်းဖြစ်သည်။
အဆိုပါဆေးတောင့်များကိုဆေးပညာအမြင်ဖြင့်တင်ပြရလျှင် ဆေးတောင့်သည်ပျော်ဝင်ရာမှာအားကောင်းခြင်း၊
ခန္တာကိုယ်တွင်းမှစုပ်ယူရာမှာပိုမိုကောင်းမွန်စေပါသည်ဟုဆေးသိပ္ပံသုတေသီများ၏အဆိုအရအာနိသင်များကိုပေးဆောင်နိုင်သည့်ဓာတ်ပေါင်းများ၏ပမာဏကိုပိုမိုမြင့်မားစွာပါဝင်နိုင်ခြင်းဖြစ်ပါသည်။ထို့အပြင်ရဲယိုသီးကရရှိနိုင်သည့်အဟာရဓာတ်များကိုလည်းအပြည့်အ၀ရရှိ
စေခြင်းပင်ဖြစ်ပါသည်။ဆေးဝါး၏အာနိသင်များကိုပိုပြီးမြန်မြန်ဆန်ဆန်နှင့်
ပြည့်ဝမှုများကိုလည်းရရှိမလိုလားအပ်သည့်အချက်များကိုဖယ်ရှားပေးနိုင်သ
ဖြင့်ဆေးသောက်သုံးရသည့်ပမာဏကိုလျော့နည်းစေပါသည်။

အပင်ထွက်ဒြပ်စင်များ

ကမ္ဘာပေါ်တွင်ရှိသည့်အပင်များထဲတွင်ရဲယိုပင်သည် xeronineပါဝင်မှု
အမြင့်မားဆုံးဖြစ်သည်။ရဲယိုသီးမှရရှိနိုင်သောဆေးဘက်ဝင်အာနိသင်မှာ Scopoletin,xeronine,anthraquinones တို့နှင့်အခြားဒြပ်စင်များ
ပါဝင်ပေသည်။ဆက်လက်ဖေါ်ပြထားချက်မှာကမ္ဘာပေါ်တွင်ရှိသည့်
အပင်များထဲတွင်ရဲယိုပင်သည် xeronine ပါပါဝင်မူအမြင့်မားဆုံးဖြစ်သည်။နာနတ်သီးတွင်ပါဝင်မူထက်ရှစ်ဆပိုများသည်။

xeronine ဧ။်လုပ်ဆောင်ချက်များ

ရဲယိုသီးတွင် xeronine သည်စားသုံးရာတွင်ခန္တာကိုယ်တွင်ရောက်ရှိချိန်တွင် xeronine အဖြစ်ပြောင်းလဲနှိုင်သည့်
proxenineပင်ဖြစ်ပေသည်။ရဲယိုသီးဆေးကိုစားသုံးခြင်းဖြင့်ခန္တာကိုထဲတွင်
ရောက်ရှိပြီးအူနံရံများမှစုပ်ယူပြီးနောက်တော့ အသည်းတွင်
သိုလှောင်ထားပေသည်။ခန္တာကိုယ်အတွက်လိုအပ်ချက်ရှိပြီဆိုရင်တော့
အသည်းတွင်သိုလှေင်ထားသည့် proxeronine များသည်
လိုအပ်သောတစ်သျှုး(tissues)များထံသို့
ရောက်ရှိစေပြီး Proxeronase အမည်ရှိအင်ဇိုင်းများက Proxeronine Xeronine အဖြစ်သို့ပြောင်းလဲပြီးမှ
Xeronine အဖြစ်သို့ပြောင်းလဲပြီးမှ Xeronine အဖြစ်အသုံးဝင်စေပါသည်။အထူးသဖြင့်ရောဂါတွေဖြစ်နေသည့်သေဆုံးသွားသောဆုံးရှုံးမှုဆဲလ်များ၊စွန့်ပစ်အညစ်အကြေးများကိုဖယ်ထုတ်ရာမှာများစွာအထောက်အကူပြု
ခြင်းပင်ဖြစ်ပါသည်။

သဘာဝဆေးဝါးအာနိသင်များ

သဘာဆေးဝါးအာနိသင်အဖြစ်ရဲယိုသီး၏ဆေးဝါးအာနိသင်များမှာအောက်ပါအတိုင်းဖြစ်ပါသည်။
ရဲယိုသီးသဘာဝဆေးဝါးသည်ကင်ဆာရောဂါတွင်အသုံးပြုသည့်အနောက်
တိုင်းဆေးဝါးများကိုပိုမိုအစွမ်း
ထက်အောင်ကူညီဆောင်ရွက်ပေးနိုင်သည်။သဘာဝရဲယိုဆေးဝါးသည်ခန္တာကိုယ်ခုခံအားစနစ်ကိုမြှင့်တင်ပေးနိုင်ပါသည်။ခန္တာကိုယ်တွင်ချို့ယွင်းမှုများကိုပြန်ကောင်းစေရန်ပြုလုပ်ပေးခြင်းကြောင့်အနာများကိုအကျက်မြန်စေပါသည်။အဆိုပါသဘာဝဆေးသည်ကင်ဆာဆဲလ်၏အသက်သွေးကြောများကိုဖြတ်
တောက်ဟန့်တားထားနိုင်စွမ်းရှိခြင်း၊စိတ်ဖိစီးမှုဒဏ်၊စိတ်ဓာတ်ကျမှုများကိုလည်းသက်သာစေနိုင်ပါသည်။ထို့အပြင် ကင်ဆာရောဂါဖြစ်စေနိုင်သည့် ဓာတ်ပစ္စည်းများမှ DNAများကိုကင်ဆာဆဲလ်အဖြစ်မပြောင်းလဲသွားအောင်ဟန့်တားမှုကိုဆောင်ရွက်နိုင်ပါသည်။ကင်ဆာလူနာများအဓိကတွေ့ရှိရတတ်သည့်နာကျင်မှု
ဝေဒနာများကိုလည်းသက်သာစေနိုင်ပါသည်။သဘာဝရဲယိုသီးတွင် ကင်ဆာရောဂါကိုဖြစ်အောင်လှုံဆော်ပေးနိုင်သည့် Free Radicals များကိုဖယ်ရှားပေးနိုင်သည်။ Antioxidant အာနိသင်များပြည့်ဝမှုရှိသည့်
သဘာဝအသီးလည်းဖြစ်ပါသည်။အသီးတွင်ပါဝင်သည့်ဆေး
ဘက်ဝင်အာနိသင်များ၊အဟာရဓာတ်များကြောင့်ကင်ဆာဝေဒနာရှင်
များအတွက် ပိန်ချုံးမှုများမှကင်းဝေးစေပါသည်။အထူးသဖြင့်ကင်ဆာဆဲလ်များကိုသူ့အလိုလိုသေဆုံးခြင်း(Apoptosis)ဖြစ်စေရန် လှုံဆော်မှုများကိုပင်ဆောင်ရွက်ပေးနိုင်သည့်အသီးဖြစ်ပေသည်။

နှိုင်းယှဉ်ချက်များ

သဘာဝရဲယိုသီးကိုစားသုံးကြသူများအတွက် အသီးတွင်ပါဝင်သည့်ဓာတ်ပစ္စည်းများသည်ခုခံအားစနစ်(Immune System) ကိုတိုးတက်အောင်ဆောင်ရွက်ပေးနိုင်ခြင်းကြောင့်ကင်ဆာ
ဆဲလ်များတိုက်ခိုက်နိုင်စွမ်းကိုပိုင်ဆိုင်လာမှာဖြစ်ပါတယ်။ထို့ကြောင့်သဘာဝရဲယိုသီးစားသုံးသူများသည်မစားသူများနှင့်ယှဉ်လျှင် စားသုံးသူများမှာသက်တမ်းပိုရှည်ကြောင်းကိုတွေ့ရှိရသည်ဟု
သုတေသီများနှင့် ကမ္ဘာသဘာဝဆေးဝါးထုတ်လုပ်သူများမှ မကြာခဏတင်ပြချက်များကိုဖတ်ရှုရပါသည်။

သွေးကျောကျဉ်း၊သွေးတိုး

သဘာဝရဲယိုသီးကိုစားသုံးခြင်းဖြင့်သွေးကြောများကိုကျယ်စေပြီးသွေးလှည့်
ပတ်မှုပိုမိုကောင်းမွန်စေပါသည်။
(ဆုလေးနွယ်)
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်