အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » အသက်ငယ်ရွယ်စဉ်ဆံပင်ဖြူခြင်းမှကင်းဝေးစေရန်

အသက်ငယ်ရွယ်စဉ်ဆံပင်ဖြူခြင်းမှကင်းဝေးစေရန်

Written By MyanmarChnnel@ on Tuesday, October 22, 2013 | 9:04 PM


၁။ခေါင်းလျှော်ရည်တစ်မျိုးထဲကိုသာသုံးပါ။

ဆံပင်ဖြူခြင်းကာကွယ်ဖို့အတွက်အခြေခံအကျဆုံးကတော့မိမိဆံသားနဲ့ကိုက်ညီတဲ့ခေါင်းလျှော်ရည်တစ်မျို
ထဲကိုစွဲသုံးတာပဲဖြစ်ပါတယ်။မိမိဆံသားနဲ့အဆင်ပြေတဲ့ခေါင်းလျှော်ရည်ရှိနေရင်တော့တစ်ခြားဟာ
တွေပြောင်းပြီးစမ်းသုံးကြည့်တာမျိုးမလုပ်သင့်ပါဘူး။ခေါင်းလျှော်ရည်တွေတစ်မျိုးပြီးတစ်မျိုးပြောင်းသုံးတာဟာဆံသားကို
ထိရောက်တဲ့အကျိုးမရရှိစေတဲ့အပြင်ဆံပင်ဖြူတာကိုလည်းအားပေးပါတယ်။


၂။ကုလားဆီးဖြူသီးအသုံးပြုပါ။

ကုလားဆီးဖြူသီးဟာအရွယ်မတိုင်ခင်ဆံပင်ဖြူပေါက်တာနဲ့ဆံပင်ကျွတ်တာမှကာကွယ်ပေးနိုင်ပါတယ်။အိန္ဒိယ
ဆီးဖြူသီးကိုပါးပါးလှီးကာနှစ်ရက်ခန့်နေပူလှန်းပြီးရင်အုန်းဆီထည့်ကာ
အပူပေးပါ။ခေါင်းမလျှော်ခင်တစ်ည
လောက်ကြိုတင်ပြီးဦးရေပြားကိုနှံ့စပ်အောင်လိမ်းကာမနက်ရောက်မှလျှော်ပါ။ဒါမှမဟုတ် အိန္ဒိယဆီးဖြူသီးအပိုင်းအစလေးတွေကိုရေနွေးထဲထည့်ပြုပ်
ပြီးအအေးခံကာအဲဒီရေနဲ့ခေါင်းဆေးလို့ရပါတယ်။

၃။ဆီပုံမှန်လိမ်းပါ။
အုန်းဆီ ဒါမှမဟုတ်မိမိလိမ်းနေကျဆီကိုတစ်ပတ်နှစ်ကြိမ်မှ သုံးကြိမ်လိမ်းပေးပါ။ဆီပုံမှန်လိမ်းတာဟာဆံသား
ကိုကျန်းမာသန်စွမ်းနေစေတဲ့အပြင်အရွယ်မတိုင်ခင်ဆံပင်ဖြူတာကြောင်
စိတ်ညစ်ရတာတွေမှလည်းသက်သာစေပါတယ်။

၎။ကော်ဖီနှင့်အဆီပါဝင်မှုများသောအစာများကိုရှောင်ပါ။

ကော်ဖီ၊အရက်၊အဆီများတဲ့အစာတွေကိုအလွန်အကျွံစားသောက်
ခြင်းမှရှောင်ရပါမယ်။အကယ်လို့စားကျင့်ရှိနေရင်တောင်အနည်း
ငယ်လျော့စားပေးပါ။တချို့အစားအစာတွေဟာဆံသားအတွက်လိုအပ်တဲ့အစိုဓာတ်ကို
ဆိုးရွားစွာလျော့နည်းစေတာကြောင့်ဆံပင်ဖြူမြန်စေပါတယ်။

အိဖြူ(ဆေးဝါးတက္ကသိုလ်)
By-Good Health

(ကျန်းမာရေး ဆေးမြီးတိုများမှ ပြန်လည်ကူးယူ မျှဝေပါသည်။) 


Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်