အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » မလုံလောက်သေးဘူးလား?

မလုံလောက်သေးဘူးလား?

Written By MyanmarChnnel@ on Tuesday, October 22, 2013 | 9:35 PM

မေ့ လိုက် ပါ တဲ့ 
နင်ပြောခဲ့တာ စကားလုံး သုံးလုံးလေးပါ 
အဲစကားလုံး သုံးလုံးက လူတစ်ယောက်ဘ၀ကို 
ပျက်စေနိုင်တယ်တဲ့လား ?

ပြီး ဆုံး ပြီတဲ့
နင် အော်လိုက်တာ သုံးခွန်းထဲပါ
အဲစကားလုံးနောက်က မှောင်အတိကျသွားစေမယ့်
လူတစ်ယောက်ရဲ့ အနာဂတ်ကို
မမြင်တော့ဘူးတဲ့လား ?

ထား ခဲ့ ပါ တဲ့
နင် နှစ်သိမ့်တာ သုံးလုံးထဲပါ
အဲနောက်ကွယ်က ကျရှုံးသွားတဲ့
လူတစ်ယောက်ရဲ့ ခံစားမှုတွေက
အသစ်တဖန်ဖြစ်အုံးမှာလား ?

ဇာတ် သိမ်း ပြီ တဲ့
နင် ပြောလိုက်တာ သုံးလုံးလေးပါ
နားထဲမှာ ဗုံးတစ်လုံး အရှိန်ပြင်းပြင်း
ပေါက်ကွဲသွားသလိုဖြစ်နေတယ်တဲ့လား ?

ပျော် ပါ စေ တဲ့
နှုတ်ဆက်လိုက်တာ သုံးခွန်းထဲပါ
အရာရာကို ဘာမှ မသိချင်တော့အောင်
အားကုန်သွားတဲ့ အဖြစ်တွေကို
မစာနာတော့ဘူးတဲ့လား ?

စကားသုံးခွန်းထဲနဲ့
ငါ့ဘ၀ ငါ့အိပ်မက် ငါ့အနာဂတ်
ငါ့နေ့ ငါ့ရက်တွေကို နင့်အတွက်
အစားလဲယူခဲ့တာတောင်မှ
မလုံလောက်သေးတဲ့လား ချစ်သူရယ် ..


လွမ်းဆုလေး(ခ) ဆုလေးနွယ်


Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်