အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ငါ့ရင်ထဲမှာ ထာဝရ ရှိနေပါတယ်

ငါ့ရင်ထဲမှာ ထာဝရ ရှိနေပါတယ်

Written By MyanmarChnnel@ on Tuesday, October 22, 2013 | 9:41 PM

ငါ့ဘ၀မှာ နင် မရှိရင် မဖြစ်နိုင်မှန်းသိရက်နဲ့
ငါကျောခိုင်းခဲ့တာ ငါ့အသဲ သိပ်မာလို့တော့ မဟုတ်ပါဘူး

နင့်ဘ၀ သာယာစေဖို့ တစ်ခုထဲနဲ့
ငါ့အချစ်တွေကို ငါကိုယ်တိုင် မြေမြှုပ်ခဲ့ရတာပါ

နင်မရှိတော့ရင် ငါရင်ဆိုင်ရမယ့်
အထီးကျန်ခြင်းနဲ့ အလွမ်းကို နားခိုရာအဖြစ်
ငါ ..... မှတ်ယူထားပါတယ်။

ငါကိုယ်တိုင် ငါ့ရင်ခွင်ရိပ်မှာထားချင်ပေမယ့်
အခြေနေ အကြောင်းကြောင်းရယ်ကြောင့်
ရင်နာနာနဲ့ စွန့်လွှတ်လိုက်တာပါ ။

မချစ်လို့မဟုတ်ပါဘူး ချစ်လွန်းလို့ ပါ
လွမ်းရဲလို့မဟုတ်ပါဘူး ပျော်စေချင်လို့ပါ

နင့်ဘ၀ သာယာစေဖို့ ငါ့ကိုယ်ငါ တရားသူကြီးလုပ်
ငါကိုယ်တိုင် တရားခံ လုပ်ပြီး
နင့်ကို ကျောခိုင်းဖို့ အမိန့်ချခဲ့တာပါ ။

ငါ နင့်နားမှာ မရှိပေမယ့်
နင် ငါ့ရင်ထဲမှာ ထာဝရ ရှိနေပါတယ်ဟာ...

လွမ်းဆုလေး (ခ) ဆုလေးနွယ်

Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်