အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » အူအတက်ရောင်ရောဂါ .....အတွက်.....ကာကွယ်နည်း

အူအတက်ရောင်ရောဂါ .....အတွက်.....ကာကွယ်နည်း

Written By MyanmarChnnel@ on Thursday, October 10, 2013 | 5:00 AM

အူအတက်ရောင်ရောဂါ .....


အူမကြီးနဲ့ အူသိမ်ဆုံတဲ့နေရာမှာ အူအတက်ရှိပါတယ်။ လူတိုင်း လိုလိုမှာရှိပါတယ်။ အဲဒီအူအတက်ပိုးဝင်ပြီး ရောင်ရမ်းတဲ့ရောဂါဖြစ် ပါတယ်။ လူနာဟာ ပထမဦးဆုံး ချက်တိုင်နားက ရစ်ရစ်ပြီးနာတယ်။ နာတာကြာတဲ့အခါ ချက်အောက်ညာဘက်မှာ အနားဆုံးနေရာဖြစ် လာမယ်၊ ဖျားမယ်၊ ပျို့အန်လာမယ်။
လူကြီး၊ လူငယ် (ကျား၊မ) မရွေးဖြစ်နိုင်ပါတယ်။ ၀မ်းချုပ်လေ့ရှိတဲ့ လူတွေမှာ ၀မ်းအညစ်အကြေးအခဲကလေးက အူအတက်ကို ပိတ်တတ်လို့ ပိုပြီးဖြစ်လေ့ရှိပါတယ်။

ဆရာဝန်ဆီရောက်လာလို့ နာတဲ့နေရာကို စမ်းသပ်ကြည့်ခြင်းဖြင့် တော်တော်များများကို သိနိုင်ပါတယ်။ များအားဖြင့် ရောဂါလက္ခဏာ နဲ့ စမ်းသပ်မှုအရ သိရှိနိုင်ပါတယ်။ တခြားရောဂါနဲ့ မခွဲခြားနိုင်လို့ မသေချာတဲ့ လူနာဆိုရင်တော့ အာထရာဆောင်းရိုက် ကြည့်ရင် ခွဲခြားနိုင်ပါတယ်။

အူအတက်ရောင်တာကတော့ လတ်တလောဖြစ်တဲ့အတွက် ခွဲစိတ်ပြီး အူအတတ်ကို ဖယ်ရှားပစ်ရပါတယ်။ ခုခေတ်မှာ တော့ အဏုကြည့်မှန်ပြောင်းနဲ့ကြည့်ပြီး ခွဲစိတ်ခြင်း ( Laparosocopic Surgery) နည်းနဲက ခွဲတာ လည်းရှိပါတယ်) အခြားရောဂါများ အတွက်ကောင်းသော်လည်းပဲ၊ အူအတက်အတွက်ကတော့ ဒီနည်းဟာ အကျိုးအာနိသင်သိပ်မရှိလှပါဘူး။

အူအတက်ရောင်တာက- ချက်ချင်း မခွဲဖြစ်ရင် အဲဒီလိုဖြစ်သွားရင် ချက်ချင်းမခွဲဘဲပဋိဇီဝဆေးတွေနဲ့ပဲ ကုနေပြီး ခဲတာပျောက်သွားမှ နောက်(၃)လကြာမှ ပြန်ခေါ်ပြီးခွဲစိတ်ရပါတယ်။ (၃)လမပြည့်ခင် နည်းနည်းလေး ပြန်နာတယ်ဆိုရင် ခဲသွားပြီး ခွဲစိတ်ရပါတယ်။ (၃)လပြည့်ခင် နည်းနည်းလေး ပြန်နာတယ်ဆိုရင် ခဲသွားပြီး အကျိတ်ဖြစ်နေတာ စမ်းသပ်လို့မရတော့ဘူးဆိုရင်လည်းခွဲပါတယ်။ အူအတက်ရောင်တာက ရိုးရိုးရောင်တာ နဲ့ ပိတ်ပြီးရောင်တာနှစ်မျိုးရှိပါတယ်။ ပိတ်ပြီးရောင်တာဆိုရင် မခွဲရင် ပေါက်သွားနိုင်တယ်။

အူအတက်ရောင်တဲ့လူနာတွေဟာ တစ်ခါတလေ ၀မ်းချုပ်ပြီးခါစမှာ ဖြစ်တတ်ပါတယ်။ အဲဒီအခါ လူနာတွေက ၀မ်းနုတ်ဆေးစားတာကို ရှောင်သင့်ပါတယ်။ ရုတ်တရက်ဖြစ်လာတဲ့ မည်သည့် ဗိုက်နာရောဂါမဆို သတိထားရပါမယ်။ ၀မ်းချုပ်၊ လေချုပ်ဖြစ်ခဲ့ရင် ၀မ်းနုတ်ဆေးစားတဲ့ အကျင့်ကို အထူးရှောင်သင့်ပါတယ်။ ၀မ်းနုတ်ဆေးစားရင် အူအတက်ရောင်တာက ပိုဆိုးစေပါတယ်။ တစ်ခါတလေ ပေါက်သွားတဲ့အထိ အန္တရာယ်ဖြစ်စေပါတယ်။

Health
Mg Mandalay

(ဆုလေးနွယ်)
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်