မေ့ရင်ကိုခွဲ
မေ့အသဲကိုယူ
မေ့နှလုံးသားကို နင်းခြေပစ်ရမှ...
မောင့်ဘ၀လိုအင် ပြည့်စုံမယ်ဆိုရင်
နီရွှင်ရဲရဲမေ့ အသဲလေးကို
မောင်သဘောကျသလို ခွဲနိုင်ပါသည်။
သို့သော်.........
ရင်ကိုခွဲမည့်နေရာ
ခွဲစိတ်ခန်းမှာ ...
မာယာဝတ်ရုံ မခြုံလာပါနဲ့
အသဲခွဲသင်ဓုန်း အမုန်းလဲ
မယူဆောင်ခဲ့ပါနဲ့
ခွဲနာဒဏ်ပျောက်
မုသားဆေးလဲ မသုံးခဲ့ပါနဲ့ ။
အနာကျက်ရေး အလွမ်းဆေးလဲ
မလိမ်းခဲ့ပါနဲ့
သက်သာဖို့ဆေး အဆွေးတွေလဲ
မသောက်ခိုင်းပါနဲ့ ။
ခွဲစိတ်ပြီးသော်
ပျော်ရွှင်မှုပေး အပြုံးဆေးနဲ့
မေ့အနားမှ အဝေးကိုလဲ
ထွက်မသွားပါနဲ့ ...
ရင်ကွဲဒဏ်ကနာ
အထီးကျန်ဆန်တဲ့ဘ၀မှာ
မောင့်ကိုလဲ အဆုံးရှုံးမခံနိုင်လို့ပါ။
ဆုလေးနွယ်
မောင့်ကိုလဲ အဆုံးရှုံးမခံနိုင်လို့ပါ
Written By MyanmarChnnel@ on Friday, October 11, 2013 | 11:49 PM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
Labels:
(ဆုလေးနွယ်),
ကဗျာ
0 comments:
Post a Comment