အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » , » နှလုံးသားမပါခဲ့တော့ဘူး

နှလုံးသားမပါခဲ့တော့ဘူး

Written By MyanmarChnnel@ on Friday, October 11, 2013 | 9:16 PM


အစိမ်းရောင် စကားလုံးနောက်က
ငိုသံနှောနေတဲ့ နှလုံးသားတစ်စုံ
ရဲရဲနီနေတဲ့ ရင်ဘတ်တစ်ခု
ပြုံးမဲ့နေတဲ့ နှုတ်ခမ်း
အသက်မဲ့နေတဲ့ ဒီခန္ဓာ
ကဲ ဘာတွေများ ထပ်ပြောချင်သေးလဲ။


စေတနာရယ် အမှားတွေကြောင့်
အတားမတတ်ခဲ့တဲ့ငါ
စကားလုံးလှလှ အဖွဲ့နွဲ့ မလုပ်တတ်လို့
ဇာတ်လမ်းရဲ့ တစ်ခန်းရပ်တိုင်းမှာ
ငိုချင်းချခဲ့တဲ့ ငါ့အဖြစ်တွေ
ဘယ်သူများ သိနိုင်ခဲ့လို့လဲ။

သတ္တ၀ါလေးတွေတောင် ချစ်တတ်ပါရက်
နှလုံးသားနဲ့ ရင်းထားတဲ့
ဒီအချစ်တစ်ခုကို ငါ
အဆုံးထိ ချစ်ခဲ့မိတာ မှားလား ။

မှားတယ်ဆိုလဲ မှားပါစေ
မပြင်တော့ပါဘူး
ဆုံမှတ်မရှိတဲ့မျဉ်းပြိုင်နှစ်ကြောင်းလို
သူနဲ့ငါ သွားရာလမ်းမတူပေမယ့်
ငါသွားရာ လမ်းမှာတော့
နှလုံးသား မပါခဲ့တော့ဘူး ။

ဆုလေးနွယ်
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်