နေ့ရက်တွေရယ် အချိန်တွေရယ်
ခိုင်ခိုင်ချည်မရခဲ့လို့
ငါ အရှုံးတစ်ခုနဲ့ မိတ်ဆက်နေရတယ်။
မလွန်ဆန်နိုင်တဲ့ သေခြင်းတရားရဲ့
အမိန့်ဆန်ဆန် စာတမ်းတစ်ခုက
ငါ့ကို ပြုံးပြနေသလား။
ပွဲပြီးရင် အိမ်ပြန်ရမှာသိပေမယ့်
အချိန်မတန်မီ တပ်ခေါက်ရမယ့်ငါ
လေးလံတဲ့ခြေလှမ်းများနဲ့
နှုတ်ဆိတ်နေမိပါရဲ့။
ဒါပေမယ့်လေ .....
ကံတရားကို ငါမပိုင်ပါဘူး
ငါ့ကိုယ်ငါလဲ ငါ မပိုင်ခဲဘူး
ဖြစ်လာသမျှ ရင်ဆိုင်ဖို့
ငါ ဒူးထောက်လည်စင်းထားပါတယ်
ကံတရားရယ် ။
ဆုလေးနွယ်
အရှုံးများနဲ့
Written By MyanmarChnnel@ on Friday, October 11, 2013 | 9:03 PM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
Labels:
(ဆုလေးနွယ်),
ကဗျာ
0 comments:
Post a Comment