အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » , » ချစ်လွန်းလို့ မုန်းတာ

ချစ်လွန်းလို့ မုန်းတာ

Written By MyanmarChnnel@ on Saturday, October 19, 2013 | 9:06 PM

မေ့လိုက်ပါတဲ့ .....
ပြောရက်လိုက်တာ
မချစ်နိုင်မှန်းသိရင်
ဘာလို့ ချစ်တယ်လာပြောသွားသေးတာလဲ။

မုန်းလိုက်ပါတဲ့
ရက်စက်လိုက်တာ....
မဖြစ်နိုင်မှန်းသိသိကြီးနဲ့
ငါ့ကို ကစားစရာလိုလို့လား ဟင်။


ပြီးဆုံးသွားပြီတဲ့
ပြောထွက်ရက်လိုက်တာ
မဆုံနိုင်မှန်းသိရင်
နာကျင်နေအောင် မလုပ်ခဲ့သင့်ဘူး။

လမ်းခွဲကြမယ်တဲ့
ရီစရာကောင်းလိုက်တာ
ငါ အသဲတွေ တစ်ဆတ်ဆတ်နာနေအောင်ပြောပြီးမှ
နင် စွန့်ပစ်ခံဖြစ်ရအုံးမှာလား။

ဇာတ်သိမ်းပြီတဲ့
ရယ်ချင်လိုက်တာ
နင်မို့လို့ ခုလိုစကားပြောထွက်ရက်တယ်
ကစားလို့ဝမှ ပြောရဲတာပေါ့။

နင်သိအောင်တစ်ခုပဲ ပြောမယ်
နင်ကဇာတ်သိမ်းရုံပါ
ငါ့အတွက် ပြည်ဖုံးပြီး ကားပါ ချပစ်ထားပြီ
အရမ်းချစ်တော့ အမုန်းကြီးမုန်းသွားခဲ့တာ
နင် သိနိုင်ပါစေ။

ဆုလေးနွယ်
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်