အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ပြန်လာခဲ့ပါ ဂျူလိုင်လေးရေ

ပြန်လာခဲ့ပါ ဂျူလိုင်လေးရေ

Written By MyanmarChnnel@ on Saturday, October 19, 2013 | 9:32 PM

ပြုံးရွှင်ရွှင်မျက်နှာလေးနဲ့
ကိုယ့်အသဲကို အပိုင်သိမ်းပိုက်ခဲ့သူ
ဂျူလိုင်ဆိုတဲ့ မိန်းကလေးရေ...

မိုးကုန်ဆောင်းကူးလို့များ
ကိုယ့်အပေါ်ထားတဲ့အချစ်တွေကို
ပြန်ရုပ်သိမ်းခဲ့တာလားကွာ...

မိုးစက်မိုးဖွဲတွေအဖြစ်
ကိုယ့်အတွက် အလွမ်းဖြေစရာ
မင်းရဲ့ ကြင်နာမှုလေးတွေတောင်
မထားခဲ့တော့ဘူးလား ဟာ...

ကိုယ့်အနားက အချက်မပြပဲ
အဝေးကိုတိမ်းရှောင်ထွက်ပြေးသွားတဲ့
ဂျူလိုင်လေးရေ....
နောင်နှစ် ဂျူလိုင်ရောက်ရင်
ကိုယ့်အပါးကို ပြန်လာခဲ့ပါကွာ...

မင်းရဲ့ အချစ်တွေနဲ့
ကိုယ်ရှင်သန်ချင်လို့ပါ
မင်းပြန်လာမယ့်အချိန်ထိ
ကိုယ်စက္ကန့်နဲ့အမျှ လွမ်းနေမှာပါ

ကိုယ့်အတွက် ဂျူလိုင်လေးက
ထာဝရ မိုးအေးလေးဖြစ်မှာလို့
မမေ့နိုင်တဲ့ ကိုယ့်နှလုံးသားကယုံကြည်တယ်
ပြန်လာခဲ့ပါ ဂျူလိုင်လေးရယ်
ပြန်လာခဲ့ပါ နော် .....

ဆုလေးနွယ် 


(ထာဝရချစ်သူ တောင်းဆိုသော ပြန်လာခဲ့ပါ ဂျူလိုင်လေးရေ ကဗျာလေးကို ရေးပေးလိုက်ပြီနော် ... အဆင်ပြေပါစေ )
 
 
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်