အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ဟုတ်တယ် မဟုတ်လားချစ်သူ

ဟုတ်တယ် မဟုတ်လားချစ်သူ

Written By MyanmarChnnel@ on Saturday, November 16, 2013 | 5:46 PM


ချစ်သူ
လူတွေက ပြောတယ်
အသဲကွဲမှ သံစဉ်ဆိုတာ လှတာတဲ့

သီချင်းရေးမယ်ဆိုလဲ အသဲကွဲဖူးတဲ့သူက
ပိုပြီးတော့ သံစဉ်လှတယ်တဲ့

ကဗျာရေးမယ်ဆိုလဲ အသဲကွဲဖူးသူက
စာသားတွေ စာလုံးတွေ စူးရှတယ်တဲ့

ကဗျာဆရာတိုင်း တေးရေးဆရာတိုင်း
အသဲကွဲဖူးလားတော့ မသိဘူး

ငါ့မှာတော့ မကွဲဖူးတဲ့အသဲကို
ဘယ်လိုခွဲရမှန်းမသိလို့
နင့်နာမည်ကို နှစ်မျိုးခွဲ နင်သာ
ငါ့သရုပ်ဆောင်ဇာတ်လိုက်အဖြစ်
ငါ ခိုင်းထားလိုက်တယ်

စာသားတော့လှမလှ ငါမသိဘူး
သေချာတာတော့ နင်
ငါ့ဇာတ်မင်းသားခဏ ဖြစ်သွားတာပေါ့

ကောင်းတယ် စာသားတွေ ထိရောက်တယ်ဆိုလဲ
နင်နဲ့ ပတ်သက်လို့ ဖြစ်ခဲ့တာပေါ့နော်
ဟုတ်တယ် မဟုတ်လားချစ်သူ ..
လွမ်းဆုလေး (ခ) ဆုလေးနွယ်
 
 
 
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်