နင်မြင်လိုက်မှာ မဟုတ်ပါဘူး
ငါ့မျက်ရည်တွေ ငါ ထိန်းသိမ်းပစ်လိုက်လို့ပါ။
အင့် ခနဲ ထွက်ကျလာတဲ့ ငါ့ ရှိုက်သံတွေ
နင်သိလိုက်မှာ မဟုတ်ပါဘူး
အဲရှိုက်သံတွေ ငါသော့ခတ်ပစ်လိုက်လို့ပါ။
မဲ့ခနဲ ဖြစ်သွားတဲ့ ငါ့နှုတ်ခမ်းထက်က အပြုံးတွေ
နင် တွေ့လိုက်မှာမဟုတ်ပါဘူး
နာကျင်နေတဲ့ ဒီအပြုံးတွေ ငါ မျိုချပစ်လိုက်လို့ပါ။
မိုက် ခနဲနေအောင် မူးမိုက်လဲကျသွားတဲ့ငါ့ကို
နင်သတိထားလိုက်မိမှာမဟုတ်ပါဘူး
ငါ နေမကောင်းတာကိုဖုံးကွယ်ပစ်လိုက်
အရမ်းချစ်တယ် လို့ အော်မြည်နေတဲ့ ငါ့နှလုံးသားကို
နင် နားလည်လိုက်မှာ မဟုတ်ပါဘူး
အရာအားလုံး ငါ စည်းတစ်ဖက်မှာ ချန်ထားလို့ပါ။
လွမ်းဆုလေး(ခ) ဆုလေးနွယ်
0 comments:
Post a Comment