အနာမကျက်သေးပါဘူး
မင်းကို သတိရတိုင်း
မင်းအနား ရောက်နေသလိုမျိုး
ငါ ခံစားနေရဆဲပဲ။
အမှတ်တရတွေ မင်းနဲ့ငါ့ကြား
သိပ်မရှိခဲ့ပေမယ့်
အမှတ်ရစရာတွေက
ခုထိ မမေ့နိုင်သေးဘူး ။
ရင်ခုန်စရာအနမ်းတွေ
ပျော်ရွှင်ဖွယ် မင်းအနမ်းများက
ငါ့အတွက် နားပေမယ့်လဲ
မင်းပေးတဲ့ ဒဏ်ရာများကတော့
မရေတွက်နိုင် အောင်ပါပဲ။
အနေဝေးလဲ ချစ်နေဆဲဖြစ်တဲ့
ငါ့နှလုံးသားကတော့
ဖြေမရတဲ့ ဒီအဖြစ်ပျက်ကြားက
နောင်တနဲ့အတူ ထောင်ကျနေဆဲပေါ့ ။
လွမ်းဆုလေး (ခ) ဆုလေးနွယ်
နောင်တ နဲ့ ထောင်ကျနေဆဲ
Written By MyanmarChnnel@ on Monday, November 4, 2013 | 7:28 AM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
0 comments:
Post a Comment