ချစ်သူ.....
သိပ်ချစ်မိလို့ နင့်စိတ်တွေကို ငါ
မပြောပဲ သိနေခဲ့တာပါ....
တစ်ခါတစ်လေ နင်ဖြစ်နေသမျှ သိနေတတ်လွန်းလို့
ငါ့ကိုယ်ငါတောင် မုန်းမိတဲ့အထိပါ...
အရာရာတိုင်းမှာ ဖြစ်ချင်တိုင်း ဖြစ်ခွင့်မရှိတာ သိပေမယ့်
မဖြစ်တာကိုမှ မျှော်လင့်မိနေတော့
ငါရူးတာပေါ့နော် ...
အချစ်က လူကို ရူးစေတာတော့ မဟုတ်လောက်ပါဘူး
လူတွေကသာ အချစ်ကို အသုံးချ အရူးလုပ်တာပဲ နေမှာပါ..
အချစ်က သူ့ဘာသာ သူ နေတာကို လူတွေကသာ စည်းတွေ
ဘောင်တွေနဲ့ ခတ်ပစ်ကြတာပါ။
နားလည်ချင်ပါတယ် ဒါပေမယ့် နားမလည်နိုင်တော့ဘူး ....
ချစ်တယ် လွမ်းတယ် လို့အကြိမ်မရေနိုင် ငါအော်နေပေမယ့် နင်ကြားမှာမှ မဟုတ်တာ....
ဒါပေမယ့်လေ....
ငါ အဲစည်းတွေ ဘောင်တွေကို ပြန်ပြင်လို့ရမယ်ဆိုရင်ပေါ့
ပြန်ပြင်လိုက်ချင်ပါရဲ့ ....
အဖြူရောင်စည်း... ။ ဂုဏ်ပကာသန အရှိန်အ၀ါတွေ မပါတဲ့ စည်းအဖြစ်ပေါ့ ။
လွမ်းဆုလေး(ခ) ဆုလေးနွယ်

0 comments:
Post a Comment