(၁) အိမ်တွင်း အလုပ်များကို ကောင်းမွန်စွာ စီမံဆောင်ရွက်နိုင်ခြင်း။
(၂) အခိုင်းအစေ၊ အလုပ်သမား၊ အခြွေအရံများကို ကောင်းမွန်စွာ အုပ်ချုပ်ကွပ်ကဲတတ်ခြင်း။
(၃) လင်၏နှစ်သက်ဖွယ်ကို ပြုကျင့်တတ်ခြင်း။
(၄) လင်ရှာဖွေစုဆောင်းထားသည့် ပစ္စည်းဥစ္စာတို့ကို မခိုးမဝှက် မပျက်စီးစေဘဲ ထိန်းသိမ်းစောင့်ရှောက်တတ်ခြင်း။
ဤလေးပါးနှင့် ပြည့်စုံသော အမျိုးသမီးသည် ယခုပစ္စပ္ပန်လောက၌ အောင်မြင်မှုရအောင် ကျင့်သူဖြစ်၏။
(၁) ဘုရား၊ တရား၊ သံဃာတို့၌ ယုံကြည်သော သဒ္ဓါနှင့် ပြည့်စုံခြင်း။
(၂)သူ့အသက်သတ်မှုစသည်တို့မှ ရှောင်ကြဉ်၍ သီလရှိသူ ဖြစ်ခြင်း။
(၃) ဝန်တိုမှုကင်း၍၊ စွန့်ကြဲပေးကမ်းမှု ရှိသူဖြစ်ခြင်း။
(၄) ခန္ဓာငါးပါးတို့၏ ဖြစ်ပျက်မှုကို သိမြင်သည့် ပညာနှင့် ပြည့်စုံခြင်း။
ဤတရားလေးပါးနှင့် ပြည့်စုံသော အမျိုးသမီးသည် နောင်တမလွန်လောက၌ အောင်မြင်မှုရအောင် ကျင့်သူဖြစ်၏။
(အင်္ဂုတ္တရနိကာယ်၊ အဋ္ဌကနိပါတ်၊ ပထမဣဓလောကိယသုတ်)
မြကန်သာ ဆရာတော် (ကန့်ဘလူ)
အမျိုးသမီး၏ အောင်မြင်ကြောင်း ရှစ်ပါး
Written By MyanmarChnnel@ on Monday, November 4, 2013 | 7:31 AM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
0 comments:
Post a Comment