အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » , » မြန်မာလူမျိုးများကိုသွေးတိုးစေသောအကြောင်းရင်းများ

မြန်မာလူမျိုးများကိုသွေးတိုးစေသောအကြောင်းရင်းများ

Written By MyanmarChnnel@ on Wednesday, November 13, 2013 | 4:32 PM

အငန်စားရင်သွေးတိုးတယ်ဆိုတာမှန်ပါတယ်။သတ်မှတ်ချက်အရလူ
တစ်ယောက်ဟာဆား(Salt Sodium)တစ်နေ့ခြောက်ဂရမ်(လက်
ဖက်ရည်ဇွန်းတစ်ဇွန်း)ပဲစားသင့်ပါတယ်။ဒါပေမယ့်မြန်မာနိုင်ငံမှာသ
တေသနတွေအရပျှမ်းမျှအားဖြင့်လူတစ်ယောက်ကတစ်နေ့ဆားကိုး
ဂရမ်စားနေတာကိုတွေ့ရပါတယ်။ဒါ့ကြောင့်ဆားလျှော့စားဖို့လိုပါတယ်။
ပြီးတော့မြန်မာလူမျိုးတွေနေ့စဉ်စားလေ့ရှိတဲ့ငါးပိ၊ငါးခြောက်၊ငံပြာရည်
တို့ကိုလည်းလျှော့စားဖို့လိုပါတယ်။



သွေးတိုးဖြစ်စေတဲ့တခြားအကြောင်းတွေကတော့စိတ်ဖိစီးမှုများတာ၊
ဆေးတွေအနေနဲ့စတီးရွိုက်ဟော်မုန်းဆေးတွေသောက်တာဖြစ်ပါတယ်။
ဒီနေရာမှာပြောလိုတာကဆေးဆိုင်တွေကအဆစ်အမြစ်ကိုက်တာသက်
သာအောင်ပေးတဲ့စပ်ဆေးတွေထဲမှာDexamethasone ဆိုတဲံစတီးရွိုက်
တွေပါပါတယ်။ဒီဆေးတွေကိုကြာကြာသောက်ရင်ဆီးချို၊အရိုးပါး၊
သွေးတိုးကိုဖြစ်စေနိုင်ပါတယ်။
တိုင်းရင်းဆေး၊အကိုက်အခဲပျောက်ဆေးတွေ၊နွယ်ချိုပါတဲ့လျှက်ဆား
တွေကလည်းမကြာခဏသောက်ရင်သွေးတိုးကိုဖြစ်စေသလို NSAIDs
အကိုက်အခဲပျောက်ဆေးတွေများများသောက်တာကလည်းခန္တာကိုယ်
ထဲမှာဆားနဲ့ရေကိုစွဲပြီးထိန်းထားတာကိုဖြစ်စေတဲ့အတွက်သွေးတိုး
စေနိုင်ပါတယ်။
အမျိုးသမီးတွေသောက်တဲ့ပဋိသန္ဓေတားဆေးတွေကလည်းကြာလာ
ရင်သွေးတိုးစေနိုင်ပါတယ်။
နောက်တစ်ချက်ကသွေးတိုးရောဂါ၊ဆီးချိုရောဂါ၊နှလုံးသွေးကြောကျဉ်း
တာ၊သွေးတွင်းအဆီများတာ၊လေဖြတ်တာ၊ကင်ဆာဖြစ်တာနဲ့အ၀လွန်
တာတွေကတစ်ခုနဲ့တစ်ခုဆက်စပ်မှုရှိပြီးဒီရောဂါတွေကိုကူးစက်ခြင်း
ကြောင့်မဟုတ်သောရောဂါများ(NCD)လို့ခေါ်ပါတယ်။ဒါတွေက21
ရာစုမှာအဖြစ်များနေပါတယ်။ဒီရောဂါတွေဖြစ်စေတဲ့အဓိကအကြောင်း
ရင်းကကျန်းမာရေးနဲ့မညီညွတ်တဲ့ဘ၀နေထိုင်စားသောက်မှုပုံစံကြောင့်
ပါ။အဆီအအိမ့်၊အချို၊အငန်ပါတဲ့အစားအသောက်အစာများတာ၊ကိုယ်
လက်လှုပ်ရှားမှုမရှိတာ၊ဆေးလိပ်သောက်တာ၊ဆေးရွက်ကြီးငုံတာ၊အ
ရက်ကိုအန္တရာယ်ရှိလောက်တဲ့ပမာဏသောက်တာ၊စိတ်ဖိစီးမှုများတာ
စတဲ့အချက်တွေကြောင့်ဖြစ်တတ်တာကြောင့်ဒီရောဂါတွေမဖြစ်အောင်
ဒီအချက်တွေကိုရှောင်ဖို့၊တစ်နေ့ကိုနာရီဝက်နဲ့တစ်ပတ်ငါးရက်လေ့
ကျင့်ခန်းလုပ်ဖို့၊ဟင်းသီးဟင်းရွက်များများစားပေးဖို့လိုပါတယ်။
သွေးတိုးရှိနေပြီဆိုရင်လည်းရောဂါကိုထိန်းနိုင်အောင်အငန်လျှော့စား
ရပါမယ်။အဆီအအိမ့်ကိုလျော့စားရပါမယ်။အုန်းနို့ကိုလျော့စားရပါ
မယ်။ဟင်းသီးဟင်းရွက်ကိုများများစားပေးရပါမယ်။လေ့ကျင့်ခန်းကိုမှန်
မှန်လုပ်ပေးသင့်ပါတယ်။သွေးပေါင်မှန်မှန်ချိန်ပေးရပါမယ်။

တွဲဖက်ပါမောက္ခဦးကိုကို
အထွေထွေရောဂါအထူးကူဆရာဝန်ကြီး
 (ကျန်းမာရေးအတွက်သိသင့်သည်များ စုစည်းထားမှုမှ ပြန်လည်ကူးယူမျှဝေပါသည်။)

Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်