အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » နင် သိပါစေ ဟာ ...

နင် သိပါစေ ဟာ ...

Written By MyanmarChnnel@ on Wednesday, November 13, 2013 | 4:55 PM

ချစ်လိုက်တာလိုချစ်သူရယ်လို့
အကြိမ်ကြိမ် ပြောခွင့်ရပေမယ့်
နွေးထွေးတဲ့မင်းရင်ခွင်ကိုတော့
ပိုင်ဆိုင်ခွင့်မရသေးတဲ့ငါ..

အလွမ်းဖြေစရာတွေ
တွေ့နေရပေမယ့် ဆုပ်ကိုင်ခွင့်တွေ
မရနိုင်ခဲ့တဲ့ မင်းပုံရိပ်လွှာ..

ပျောက်ကွယ်သွားမှာ စိုးကြောက်ပေမယ့်
နာရီတွေရယ် ရပ်တန့်မရတာကြောင့်
ဆို့နင့်မှုနဲ့ ကွယ်ပျောက်သွားတဲ့ မင်းမျက်နှာ..

ပြန်လာပါ လို့ ပြောမိပေမယ့်
နယ်မြေတွေခြား တစ်နိုင်ငံဆီ ဖြစ်နေလို့
အပြေးမရောက်နိုင်ခဲ့ဘူးတဲ့လေ ...

ငါ ပိုင်ဆိုင်ချင်ပါတယ်  ငါ မျှော်လင့်ပါတယ်
နင်ပြန်လာမယ့်အချိန်ကိုပေါ့
အွန်လိုင်းမှာသာ အလွမ်းဖြေနေရပေမယ့်
မခံစားနိုင်တဲ့ ရင်ထဲက ဝေဒနာတွေကြောင့်
ငါ မောဟိုက်နေခဲ့ပြီ ချစ်သူရယ်....

               လွမ်းဆုလေး (ခ) ဆုလေးနွယ်


Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်