အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » မော ရ သူ ကွယ်

မော ရ သူ ကွယ်

Written By MyanmarChnnel@ on Friday, November 8, 2013 | 7:23 PM


တစ်နေ့မှာ ဆုံရမှာပေါ့
မျှော်လင့်ကာ စောင့်စားမှုတွေနဲ့
ရင်မှာသိမ်းထား တမ်းတမှုများရယ်.....

မျှော်လင့်သလိုဖြစ်မလာလေတော့
ငိုရှိုက်ကာ ရှေ့ပြေးမြစ်လေးများက
ပါးပြင်ထက်ဝယ် တားကျိုးခဲ့သလို.....

နှစ်သိမ့်ကာ ဖြေပေးပါရဲ့
အတွေးတွေက သိမ်းမနိုင်ခဲ့မှ
အလွမ်းတွေကို ရင်ခွင်ပိုက်လို့
ပြန်လာပါတော့ လို့ မျှော်နေမိသလို....

တူနှစ်ကိုယ်ချစ်ခင်ကြပါလျှက်
ရေမြေခြားကာ ဝေးနေရတာကြောင့်
ကံကြမ္မာရယ် ဆုံခွင့်ပေးပါလို့
တောင်းဆုရယ် အခါခါပြုလို့
လွမ်းနေရသူနှယ်.....

နှလုံးသားရေပြင်ဝယ်
အနမ်းလှေကို လှော်ကာခတ်လို့
မေတ္တာပန်းတွေ အတူခူးမယ်လို့
မှန်းဆကလွမ်းမျှော်မိလေသမျှ

သြော် ခုတော့ကွယ်....
မော ရ သူ ကွယ်။

လွမ်းဆုလေး (ခ) ဆုလေးနွယ်

(ချစ်သူကို လွမ်းလို့ပါ ပြန်လာပါ အထပ်ထပ်မပြောရက်ပေမယ့် အလွမ်းတွေကို မျိုသိပ်ရတာ ပင်ပန်းလွန်းလို့ ဒီစာလေးနဲ့ပဲ ရင်ဖွင့်လိုက်ရပါတယ်။)
 
 
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်