ရင်ခုန်သံ မပါတဲ့
မင်းနှုတ်က ချစ်တယ်ဆိုတဲ့ စကားလုံးက
ချိုမြိန်မယ်လို့ မင်းထင်လား ..
သံစဉ်မပါတဲ့ ကကွက်တစ်ခုလို
လွမ်းတယ်ဆိုတဲ့ မင်းစကားလုံးတွေကရော
လှပမယ်လို့ မင်းယုံနေတာလား ...
မြတ်နိုးခြင်းမရှိတဲ့ ပန်း တစ်ပွင့်လို
နင်းခြေပစ်ဖို့ဝန်မလေးတတ်တဲ့ မင်းရဲ့ အနမ်းတွေက
သာယာမယ်လို့ တွေးထားတာလား ....
ချစ်ချင်းမပါတဲ့ မင်းရဲ့ ခွဲမသွားနဲ့ နော်
မလွမ်းချင်ဘူး ဆိုတဲ့ စကားလုံးလေးက
အသက်ဝင်မယ်လို့ မင်းတွက်ထားတာလား ...
ကိုယ်ကပေးမှ သူက ပြန်ပေးတာပါ
အချစ်ဆိုတာ ညာနေရင်လဲ ညာမှန်းသိအောင်ဖော်ပြတတ်သလို
သံယောဇဉ်မပါတဲ့ မင်းအချစ်တွေကို ဘယ်ထိများ
ငါယုံစားနေရအုံးမှာလဲ ....
တစ်ခါတစ်ရံမင်းအချစ်တွေက
ငါ့အတွက်တော့ ဖြေသိမ့်စရာကောင်းပေမယ့်
အနှစ်မပါတဲ့ ဟင်းတစ်ခွက်လို
သိပ်မကောင်းတာတော့ ၀န်ခံပါတယ် ....
လွမ်းဆုလေး
ဝန်ခံပါတယ်
Written By MyanmarChnnel@ on Friday, November 8, 2013 | 7:23 PM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
0 comments:
Post a Comment