အလွမ်းပင်လယ်ဆီက
ရိုက်ခတ်လာတဲ့ သံယောဇဉ်ရေပြင်ကြောင့်
နှလုံးသားကမ်းခြေမှာ
အချစ်လှေလေး ကမ်းဆိုက်ခဲ့တယ်။
ဒီရေတက်ချိန် အနားရှိပေမယ့်
ရေကျချိန်သူ ခရီးဆက်မှာ သိလေတော့
အဆွေးသောင်မှာ လူးလွန့်ရင်း
ထွက်မသွားဖို့ တားမြစ်ချင်မိတယ်။
ခရီးတစ်ထောက်နားတာမို့
အချိန်တန်ပြန်ခွာသွားတာကြောင့်
နွမ်းလျကာ ရင်ခွင်ကျွန်းက
ငိုဆွေးကာ ကျန်ရစ်လေခဲ့။
ဒါတွေကို သူသိမှာလား
မြင်လှည့်ပါလို့ တစာစာအော်ပေမယ့်
ဝေးသထက်ဝေးသွားလေသူကြောင့်
မျက်ဝန်းတွေအောက်မှ ပျောက်သွားသူ
အချစ်လှေငယ်ရယ်.... ။
လွမ်းဆုလေး
အချစ်လှေငယ်
Written By MyanmarChnnel@ on Saturday, November 9, 2013 | 7:01 PM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
0 comments:
Post a Comment