အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » စိတ်ကူးအိပ်မက်

စိတ်ကူးအိပ်မက်

Written By MyanmarChnnel@ on Sunday, December 1, 2013 | 8:13 PM



အမိအရဆုပ်ကိုင်လို့မရတဲ့ မင်းနဲ့ငါ့အဖြစ်တွေကို
မျက်ရည်တွေတသီကြီးနဲ့ ငါ တမ်းတမနေဘူး

ဖမ်းဆုပ်လို့မရတဲ့ ဒီအတွေးတွေကို
အရူးတစ်ယောက်လိုငါ လိုက်ပြီးမရှာချင်တော့ဘူး

ဖြစ်ချင်တိုင်း ဖြစ်မလာတတ်တဲ့ငါ့အဖြစ်တွေကို
ရင်ထုပြီးလဲ ငိုချင်းမချချင်တော့ဘူး

မပိုင်ဆိုင်နိုင်တဲ့ အချိန်တွေကိုလဲ
လာပါနေပါ ပိုင်ဆိုင်ချင်ပါတယ်လို့ အော်ဟစ်မနေတော့ဘူး

နင် နဲ့ ငါ က အွန်လိုင်းချစ်သူမို့
ဖန်သားပြင်ပေါ်က မင်းမျက်နှာလေးကို
ရင်ခွင်မှာ ထိန်းသိမ်းထားနိုင်ခွင့်မရနိုင်လို့
ငါ အထူးတလည်လဲ ၀မ်းနည်းမနေချင်တော့ဘူး

ငါ ပိုင်ဆိုင်နိုင်တဲ့ ငါ့ အတွေးတွေထဲမှာ
နင်နဲ့ငါ စိတ်ကူးကမ္ဘာထဲမှာ အတူရှိနေတာပဲ
နင် နဲ့ ငါ အိပ်မက်ထဲမှာ အတူရှိနေကြတာပဲ

တစ်နေ့ ငါတို့ နှစ်ယောက်ဆုံနိုင်မယ့်နေ့ကို
ကြေကွဲစွာစောင့်စားနေမယ့်အတူ
အလွမ်းတွေကိုဘေးမှာထား ပြီး
ငါတို့ပိုင်တဲ့ စိတ်ကူးအိပ်မက်လေးကနေပဲ
အတူဆုံကြမယ် ။
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်