သူငယ်ချင်းတို့ရေ......
အရင်တုန်းက လူတစ်ယောက် တောထဲကို ထင်းခုတ်ဖို့သွားတယ်...
နေ့လည်ဆာရင်စားဖို့ ရေဘူးရယ်၊ စားသောက်စရာတွေရယ် ယူသွားတယ်။
တောထဲရောက်တော့ သူ စားစရာနဲ့ ရေဘူးကို သစ်ပင်တစ်ပင်မှာ သွားချည်ထားလိုက်တယ်။ ပြီးတော့ သူ ထင်းခုတ်တော့တာပေါ့။ အဲချိန်မှာပဲ တောမီးလောင်လာတယ်။ သူလဲ လွတ်ရာပြေးတာပေါ့။
အဲလိုနဲ့ တစ်တောလုံး မီးလောင်သွားတယ်။ အဲတာနဲ့ သူ တောပြောင်းပြီး ထင်းဆက်ခုတ်တယ်။ ခဏနေတော့ သူ ဗိုက်ဆာလာတယ်။ အဲချိန်မှ သူ ယူလာတဲ့ အစားသောက်တွေ ရေဘူးတွေကို သတိရ လိုက်တယ်။ မီးလောင်တဲ့ တောထဲမှာ ထားခဲ့တာကိုပေါ့။
ဒါနဲ့ သူ မီးလောင်နေတဲ့ တောဘက်ပြန်လာခဲ့တယ်။ သူ့ ရေဘူးတွေ စားစရာတွေ ယူဖို့ပေါ့။ သူ စားစရာတွေထားခဲ့တဲ့ သစ်ပင်ဆီ ရောက်တော့ သူမော့ကြည့်မိတယ်။ အားလုံး မီးလောင်သွားပြီ။ ဘာမှ မကျန်တော့ဘူး။ တစ်ခုပဲ ကျန်တယ်။ ရေ.....။
ဒီရေကလဲ ဘူးခွံမရှိတော့ဘူး မီးလောင်သွားပြီ။ ရေပဲ ကျန်ခဲ့တယ်တဲ့။
လွမ်းဆုလေး

0 comments:
Post a Comment