အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » , » ဆေးဘယ်လိုသောက်ကြမလဲ

ဆေးဘယ်လိုသောက်ကြမလဲ

Written By MyanmarChnnel@ on Monday, January 13, 2014 | 6:05 PM

နေမကောင်းလို့  အရပ်ထဲကဆေးခန်း ဒါမှမဟုတ် အထူးကုဆေးခန်းမှာဘဲဖြစ်ဖြစ် သွားပြတဲ့အခါ များသောအားဖြင့် သောက်ဆေး/စားဆေးတွေ ပေးလေ့ရှိပါတယ်။ သက်ဆိုင်ရာ ဆရာဝန်/ ဆေးဝါးကျွမ်းကျင်သူ/ ဆရာမလေးတွေက ဆေးသောက်ပုံသောက်နည်းကိုရှင်းလင်းမှာကြားလိုက်သော်လည်း လူနာအချို့ က နားမလည်လို့ ဖြစ်စေ ရှင်းလင်းမှာကြားတဲ့သူကို ပြန်မေးရမှာ အားနာလို့ ဖြစ်စေ ဆေးသောက်ရာမှာ နည်းလမ်း လွဲချော်နေတာလေးတွေတွေ့ ရပါတယ်။

The biggest mistake by most human beings:
Listening Half
Understanding Quarter
Telling Double

လူအတော်များများက
တစ်ဝက်ဘဲနားထောင်၊ လေးပုံတစ်ပုံဘဲနားလည်ပြီး၊
ပြောတော့ နှစ်ဆ(ချဲ့ ကား) ပြောတတ်ကြတာမို့ လို့ ပါ

လိုရင်းကိုဆက်ပြောပါ့မယ်။ ဆေးသောက်တဲ့အခါမှာ
- အစာမစားမှီ (before meal)
- အစာစားပြီး (after meal) နဲ့ 
- ဆေးပတ်လည်အောင်သောက်ရန် (to complete the course)
-နံနက်/ညနေ/ ညအိပ်ယာဝင်သောက်ရန် စသဖြင့် ညွှန်ကြားလေ့ရှိပါတယ်။

ဒီနေရာမှာ before meal နဲ့  after meal ကအရေးကြီးလာပါပြီ။
- အစာမစားမှီ (before meal) ဆိုတာ အစာမစားခင် မိနစ် (၃၀) အလိုကိုပြောတာပါ။ အစားမစားခင် (၂) မိနစ်အလိုကိုပြောတာမဟုတ်ပါဘူး။
ဘာကြောင့် တချို့ ဆေးတွေကို အစာမစားခင်သောက်ခိုင်းတာလဲဆိုတော့ အစာရှိနေရင် ဆေးရဲ့  အာနိသင်ဆုံးရှုံးတတ်လို့ ပါ။

- အစာစားပြီး (after meal) ဆိုတာကတော့ အစာစားပြီး (၅) မိနစ်ကနေ (၁၀) မိနစ်အတွင်းဆေးသောက်ရမှာဖြစ်ပါတယ်။
တချို့ ဆေးတွေကို အစာမရှိဘဲသောက်တဲ့အခါ အစာအိမ်ကို ထိခိုက်နိုင်ပါတယ်။
အစာစားပြီးမှသောက်တဲ့အခါမှာ အစာအိမ်ထိခိုက်ခြင်းမှ ကင်းဝေးစေပါတယ်

ဆေးပတ်လည်အောင်သောက်ဖို့  (to complete the course) ကတော့ နေကောင်းသွားရင်တောင်မှ ကျန်ရှိနေတဲ့ဆေးတွေကိုကုန်အောင် သောက်ဖို့ အရေးကြီးပါတယ် ဥပမာ ပဋိဇီဝပိုးသတ်ဆေးများ (antibiotics) ဆရာဝန်ပေးထားတဲ့ ဆေးတွေကို ကုန်အောင်မသောက်ဘဲ ထားမယ်ဆိုရင် ကိုယ်ခန္ဓာတွင်းမှာ ကျန်ရစ်နေတဲ့ ပိုးမွှားများကြီးထွားလာပြီး ဆေးအစွမ်းမထက်တော့ ဘဲ ဆေးယဉ်ပါးမှု/ ဆေးမတိုးမှုတွေဖြစ်လာနိုင်ပါတယ်။

အားဆေးတွေ (Vitamin Supplements) သောက်တော့မယ်ဆိုရင် နေ့ ခင်းအချိန်ပိုင်း အစာစားပြီးမှပဲ သောက်သင့်ပါတယ်
အားဆေးများကို အစာမခံပဲ သောက်တဲ့အလေ့အထကိုရှောင်ကျဉ်ရပါမယ် နို့ မို့ ဆိုရင် မိမိသောက်ထားတဲ့အားဆေးတွေ ဆီးထဲကိုအလျင်အမြန်ရောက်သွားပြီး ဆေးအာနိသင်ဆုံးရှုံးနိုင်ပါတယ်

Good Health

By:  ကင်ဆာရောဂါ နှင့် ကျန်းမားရေးဆောင်းပါးများ

Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်