အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » အရှုံးများနဲ့ ငါ

အရှုံးများနဲ့ ငါ

Written By MyanmarChnnel@ on Friday, February 7, 2014 | 6:50 PM

ရင်ခုန်ရုံသာ ချစ်ဖို့ စိတ်ကူးခဲ့ဖူးပါတယ်
ယုံလွယ်တတ်တဲ့ ငါ့ အားနည်းချက်တွေကြောင့်
အမုန်းများရဲ့ ကောင်းကင်အောက်မှာ
အရှုံးတွေနဲ့ ပေးဆပ်ချင်ခဲ့တယ်။

ငါမျှော်လင့်ထားသလို မဖြစ်ခဲ့တော့လဲ 
ဒဏ်ရာတွေအထပ်ထပ်နဲ့ လေထဲဆောက်ခဲ့မိတဲ့
ချစ်အိမ်လေးကို တစ်ခါအသက်သွင်း
ငါ မျှော်လင့်နေမိတယ်။

နောက်ဆုံးအဆုံးသတ်ရဲ့ ဇာတ်သိမ်းခန်းက
အသဲကွဲဖို့များလား ..
လမ်းခွဲဖို့အတွက် ရူးရတော့မှာလား ချစ်သူရယ် ...

မင်းနဲ့ မဝေးချင်ခဲ့တဲ့ ငါ့စိတ်ကူးတွေက
နောက်တစ်ယောက်အတွက် ထပ်ပြောင်းဖို့ မဖြစ်နိုင်ခဲ့ဘူး
ကျန်တာ အားလုံး မင်းလောက် အရေးမကြီးခဲ့ပါဘူး
ငါ အကြောက်ဆုံးက မင်းနဲ့ဝေးရမှာကိုပါ...

မင်းအတွက် နောက်တစ်ယောက်ပြောင်းဖို့ လွယ်ကူပေမယ့်
ငါ့အတွက်တော့ မဖြစ်နိုင်ခဲ့လို့
မုန်းပစ်လိုက်ချင်ပါတယ်...
မေ့ပစ်လိုက်ချင်တယ်..

ထားခဲ့လိုက်ပါ မင်းအတွက်ပျော်မယ်ဆိုရင်
မေ့ထားလိုက်ပါ မလိုအပ်တော့ရင်...
ဒဏ်ရာများနဲ့ လေထဲက အိမ်လေးမှာ
အရှုံးများနဲ့ ငါ နေရစ်ခဲ့ပါ့မယ် ..

ပြောင်းလဲလို့မရတော့တဲ့ ဒီ ရင်ခွင်ထဲမှာ
မင်းအတွက်နဲ့ ငါ နားလည်ခဲ့သမျှ
မင်း မသိသလိုနေခဲ့ရက်တယ်..
ထွက်သွားလိုက်ပါ ...

ဟန်ဆောင်ချစ်ခြင်းတွေအစား အမုန်းတစ်ခုက
ငါ့အတွက် ပိုပြီးသက်သာစေမှာပါ..
ပျော်မယ်ဆိုရင် ငါ့ရင်ကို ခြေစုံကန်ပြီး
ထွက်သွားလိုက်ပါတော့ ..

လွမ်းဆုလေး
 
 
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်