အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » မပြည့်စုံသူ၏ ဖြေမရသော အလွမ်း

မပြည့်စုံသူ၏ ဖြေမရသော အလွမ်း

Written By MyanmarChnnel@ on Sunday, February 23, 2014 | 7:22 PM


မပြည့်စုံခဲ့သူမို့ အရာရာကိုတွေး
စားသောက်ဖို့ရေး ဘ၀ပေးကြောင့်
ချစ်သောမိဘ ခွဲခွာရပြန်
တစ်မြေစီခြား ရေမြေခြားတဲ့
တိုင်းတစ်ပါးသို့ စားဝတ်နေရေး
ဖူလုံရေးအတွက် ထွက်ခွာခဲ့ရ..

အသိုင်းအ၀ိုင်းပတ်ဝန်းကျင်
မိဘမောင်နှမ မိသားစုအိမ်ကလေး
လွမ်းဆွတ်သော်လဲ
ပြန်ခွင့်မရ မပြည့်စုံတဲ့ဘ၀မို့
ရည်မှန်းချက်တို့ ပြည့်ချင်တယ်။

ချစ်သူရည်းစား ထားဖို့မပြောနှင့်
မိဘကိုသာ ဦးစားပေး
ကျေးဇူးဆပ်ချင်လို့ ဘယ်အရာကိုမျှ
အပျော်သဘောထား စမ်းသပ်မှုလုပ်
ဖြစ်ချင်သလိုဖြစ်နေပစ်ဖို့လဲ မတွေးခဲ့ပါဘူး။

မိဘရင်ခွင် အနေဝေးလို့
ဆိုးမိုက်လေမလား မစိုးရိမ်နှင့်
ဖေဖေတို့သား ခြေလှမ်းမမှားပါဘူး
သားလိမ္မာမဖြစ်ခဲ့တောင်
သားကောင်းတစ်ယောက်တော့ ဖြစ်အောင် ကြိုးစားပါတယ်။

ဖေဖေမေမေဆီသို့ တစ်လတစ်ခါ
ငွေမရောက်ခဲ့ရင်
နားလည်ပေးပါ အဆင်မပြေမှုကြောင့်
မပို့နိုင်ခဲ့တာပါ။

မွေးရပ်မြေလွမ်း သတိရမှုတို့
ချုပ်ထိန်းမရ ပြန်ချင်လှသည်
မိဘမောင်နှမ အမိမြေကိုလွမ်းဆွတ်ရသော
ဖြေမရသော အလွမ်းများကြောင့်
တည်ငြိမ်နေသော ခြေလှမ်းတို့
မခိုင်ယိုင်လဲ ပြိုတော့မလို..

အရာရာပြည့်စုံ လိုအပ်ချက်တို့
ပြည့်စုံတဲ့တစ်နေ့
မိဘရင်ခွင်ရှိရာ ပြည်မြန်မာသို့
အပြေးတစ်ပိုင်းရောက်အောင်လှမ်းဖို့

ခုတော့ ..
အားတင်းထားဆဲ.... ကြိုးစားနေဆဲ..

လွမ်းဆုလေး

(winwinko တောင်းဆိုထားသော * မပြည့်စုံသူ၏ ဖြေမရသော အလွမ်း * ကဗျာကို တတ်သမျှနှင့် ရေးသားတင်ပြလိုက်ပါသည်။ အိမ်နှင့် မိဘမောင်နှမကိုလွမ်းသော သူတိုင်း ဒီကဗျာလေးတစ်ခုက ဖြေပေးနိုင်ပါစေလို့ ဆန္ဒပြုရင်းဖြင့် အားလုံးအတွက် အဆင်ပြေပါစေ .. )
 
 
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်