အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » စာတော်တဲ့ကျောင်းသား

စာတော်တဲ့ကျောင်းသား

Written By MyanmarChnnel@ on Saturday, May 31, 2014 | 10:44 PM




စာတော်တဲ့ကျောင်းသား
.............................

Q : စစ်သူကြီး မဟာဗန္ဓူလသည် မည့်သည့် တိုက်ပွဲတွင် ကျဆုံးခဲ့သနည်း ။
A : သူ၏ နောက်ဆုံးတိုက်ပွဲတွင် ကျဆုံးခဲ့ပါသည် ။

ှQ : ပင်လုံစာချုပ်ကို မည်သည့်နေရာတွင် လက်မှတ်ရေးထိုးခဲ့ကြသနည်း ။
A : စာချုပ်၏ အောက်ခြေတွင် ရေးထိုးခဲ့ကြပါသည် ။

ှQ : ကွာရှင်း ပြတ်ဆဲကြခြင်း၏ အကြောင်းပြချက်ကို ရေးပါ ။
A : နောက်ထပ် တကြိမ် လက်ထပ်ရန် ဖြစ်သည် ။

Q : သင်မစားဘူးသော မနက်စာ အမျိုးအစားကိုဖြေပါ ။
A : နေ့လည်စာနှင့် ညစာတို့ ဖြစ်ကြပါသည် ။

Q : ထက်ခြမ်းခွဲထားသော ပန်းသီးသည် မည်သည့် အရာနှင့်တူသနည်း ။
A : ကျန်တဲ့ အခြမ်းနှင့် တူပါသည် ။

Q : အနီရောင် ကျောက်ခဲတလုံးအား အပြာရောင် ပင်လယ်ထဲသို့ ပြစ်ချသည့်အခါ ဘာဖြစ်လာမည် ထင်ပါသနည်း ။
A : ကျောက်ခဲအား ရေစိုပါလိမ့်မည် ။

Q : လက်တဖက်ထဲနှင့် ဆင်ကောင်ကြီးအား သင်မည်သို့ မ မည်နည်း ။
A : လက်တဖက်ထဲ ရှိသော ဆင် မရှိသောကြောင့် ပူစရာမလိုပါ ။

Q : သင်၏ညာဘက်လက်တွင် လိမ္မော်သီး သုံးလုံးနှင့် ပန်းသီးလေးလုံး ၊ သင်၏ ဘယ်ဘက်လက်တွက် လိမ္မော်သီး သုံးလုံးနှင့် ပန်းသီး ငါးလုံးရှိ၏ ။
စုစုပေါင်း မည်မျှရှိသနည်း ။
A : စုစုပေါင်း အလွန်ကြီးမားသော လက်ကြီး နှစ်ဖက်ရှိပါသည် ။

ှQ : ကြက်ဥတလုံးအား ကွန်ကရစ် ကြမ်းပြင်တခုပေါ်သို့ မကွဲအောင် မည်သို့ ပြစ်ချမည်နည်း ။
A : ကွန်ကရစ်ကြမ်းပြင်သည် မကွဲနိုင်အောင် မာကြောသောကြောင့် အလွယ်တကူပင် ပြစ်ချနိုင်ပါသည် ။။

Q : ဧရာဝတီမြစ်သည် မည်မျှ ရှည်လျားသနည်း ဖြေဆိုပါ ။
A : ဧရာဝတီမြစ်သည် မြေပုံထဲတွင် ၅ လက်မ ခန့် ရှည်လျားပါသည် ။

ရဲသူရိန်မင်း ( မြန်မာမှုပြုသည် )
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်