ကွန်ပျူတာ စစ်တမ်း
တစ်နေ့တွင် ဘီလ့် ဟာ သူတံတောင်ဆစ်က အရမ်းနာနေသဖြင့် ညည်းပြီး သူ့သူငယ်ချင်းကိုပြောတယ်။သူငယ်ချင်းက
သူကလှည့်တုန်းက အဆင်ပြေခဲ့တဲ့ အတိုင်း ဆရာဝန် မလိုဘဲ ဈေးသက်သာ လျှင်မြန်တဲ့
ကွန်ပျူတာ စစ်တမ်း အဖြေ ရှာတဲ့ နည်းကို သွားကြည့်ဖို့ အကြံပေးလိုက်တယ်။
အဲဒီစက်က ဆီးနမူနာနဲ့ ပြသ နာတွေကို အဖြေရှာပေးတယ်။ ပိုက်ဆံ ဒေါ်လာ ၁၀တော့
ကုန်လိမ့်မယ် လို့ ပြောပြ တယ်။
ဒါနဲ့ပဲ ဘီလ့် တစ်ယောက် အဲဒီစတိုးကိုသွားပြီး ဆီးနမူနာနဲ့ ပိုက်ဆံဒေါ်လာ ၁၀ကို စက်ထဲကိုထည့်ပေးလိုက်တယ်။
အဲဒီအခါ စက်က ဂျုံန်းဂျုံန်း နဲ့ အသံတွေမြည်၊ အလင်းရောင်တွေထွက်ပြီး ခဏကြာတော့ စလစ်အသေးလေးထွက်လာပါတယ်။အဲဒီမှာရေးထားတာက ဘီလ့် ဟာ တင်းနစ်ကစားလို့ တံတောင်ပြဲရတာပါ။ ရေနွေးထဲမှာ စိမ်ပေးပါ။ အလေး အပင်တွေမခြင်းကို ရှောင်ပါ။ နှစ်ပတ်အတွင်းကောင်းသွားမှာပါ ဟုဖြစ်ပါတယ်။
ဒက်ထိ မှန်နေတော့ ဘီလ် သိပ်အံ့သြသွားတယ်။ဘီလ့်ဟာ ဒီစက်က သိပ် အံ့သြဖို့ကောင်းပြီး ဆေးသိပ္ပံဖက်ကို ဘယ်လို ပြောလို့ရနိင်မလဲဆိုတာကို စဉ်းစား ခဲ့တယ်။
ဒီစက်က
မှန်ရောမှန်ရဲ့လား ဆိုတာ စမ်းသပ်ချင်တဲ့ စိတ် ( ဗရုတ်ကျချင်တဲ့
စိတ် ကပေါ်လာတယ် ) ဒါနဲ့ အိမ်နောက်ဖေးဘုံဘိုင်ထဲက ရေ၊ အိမ်ကခွေးရဲ့
မစင်အချို့၊ မိန်းမနဲ့ သမီးဆီက ကျင်ငယ်ရည်အနည်းငယ်၊ နဲ့ သူရဲ့ သုတ်အချို့ ရော၊ စက် ဆီကို နောက်တစ်ခေါက် ပြန်သွားကာ ဒေါ်လာ ၁၀ ပေး၊ စက်ထဲကို သွန်ချ လိုက်တယ်။
စက်က ပုံမှန်အတိုင်း တစ်ဂျုန်းဂျုန်းနဲ့ပေါ့ ။
ခဏ ကြာတော့ အောက်မှာ အတိုင်း အဖြေထွက်လာတယ်။
မင်းရဲ့ ရေဘုံဘိုင်ကရေက သံချေးတက်နေပြီး ရေပိုက်ဆရာခေါ်ဦး၊
ခွေးကလည်း သံကောင်တွေ ရှိနေတယ်။ ဗီတာမင် ကျွေးဦး။
မင်းရဲ့ သမီးက ဘိန်းစွဲနေပြီ။ ပြန်လည်ထူထောင်ရေး စခန်း ပို့ပါ။
မင်း မိန်းမက အမြွှာပူးနဲ့ ကိုယ်ဝန်ရှိနေပြီ။ မင်းကိုယ်ဝန်တော့ မဟုတ် ဘူး။ ရှေ့နေခေါ်ထားပါ။
ခွေးကလည်း သံကောင်တွေ ရှိနေတယ်။ ဗီတာမင် ကျွေးဦး။
မင်းရဲ့ သမီးက ဘိန်းစွဲနေပြီ။ ပြန်လည်ထူထောင်ရေး စခန်း ပို့ပါ။
မင်း မိန်းမက အမြွှာပူးနဲ့ ကိုယ်ဝန်ရှိနေပြီ။ မင်းကိုယ်ဝန်တော့ မဟုတ် ဘူး။ ရှေ့နေခေါ်ထားပါ။
မင်းဒီလို ခပ်တုံးတုံး လုပ်ရပ်တွေ မရပ်သေးရင် မင်းတံတောင်ကအနာက ဘယ်တော့မှ ကောင်းလာမှာ မဟုတ်ဘူး ..
ဟု ဖြစ်ပါတယ်။
တိန် !
Aung Heine ( www.smart.com.mm )
If You like it , Please like & Share.
Thank You ! !!
0 comments:
Post a Comment