အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » တီထြင္မႉ

တီထြင္မႉ

Written By MyanmarChnnel@ on Friday, June 6, 2014 | 1:04 AM






မြန်မာအက္ခရာများနှင့် ဂဏန်းများပါသည့် မြန်မာ့ပထမဆုံးနာရီမှာ မြန်မာ့ပထမဆုံးခရစ်ယာန် ဂိုဏ်းချုပ် ဆရာတော် ဖြစ်ခဲ့သူ ဆရာတော် ပီယို-ဂါလီဇီယာမှ မွန်ဘုရင်သမိန်ထောထံ (၁၇၄၃) ခုနှစ်က ဆက်သခဲ့သော တိုင်ကပ် နာရီကြီးဖြစ်ပါ တယ်။ယင်းနာရီကြီးအား ရောမမြို့မှာ ပြုလုပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံတွင် ရေမြုပ်ဗုံးကို ပထမဆုံးတီထွင်ခဲ့သူမှာ ကနောင်မင်းသားကြီးဖြစ်ပြီး အောင်ပင်လယ်ကန်တွင် သက္ကရာဇ် (၁၂၄၀) ပြည့်နှစ်က အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ပါတယ်။
မြန်မာအက္ခရာဖြင့် ကြေးနန်းရိုက်နည်းကို ယောမင်းကြီး ဦးဖိုးလှိုင်က တီထွင်ခဲ့တာ ပါ။ မြန်မာဘာသာဖြင့် ပထမဆုံးပုံနှိပ်ထုတ်ဝေခဲ့သောစာအုပ်မှာ (Alphabetum Barmanum) မြန်မာ သင်ပုန်းကြီး ဖြစ်ပြီး၊ (၁၇၇၆) ခှုနှစ်တွင် အီတလီနိုင်ငံ၊ ရောမမြို့ရှိ ဘရင်ဂျီသာသနာပြု ပုံနှိပ်တိုက်တွင် ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ ပုပ်ရဟန်းမင်း ကြီး (Pole Pius 6) ကိုအမူးပြုထုတ်ဝေခဲ့ခြင်းဖြစ်ပြီး၊ စာမျက်နှာ(၁၁၅) မျက်နှာ ပါဝင်ပါတယ်။

မြန်မာ့ ပထမဆုံးခဲစာလုံးများကို ဘိုးတော်ဘုရားမင်း လက်ထက် (၁၇၄၀) ပြည့်နှစ်တွင် သံလျင်မြို့သို့ ရောက် ရှိလာသော ဘုရင်ဂျီဘုန်းတော်ကြီး မက်ကော-ကာပါးနီး က အီတလီနိုင်ငံ ၊ ရောမမြို့သို့ ပြန်အရောက်တွင် တီထွင်ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။
မြန်မာ့ ပထမဆုံးဒင်္ဂါးပြားများကို မင်းတုန်းမင်းလက်ထက်၊ (၁၈၆၅) ခုနှစ်၊ နိုဝင်ဘာလ(၁၁) ရက်နေ့တွင် သွန်းလုပ် ထုတ်ဝေခဲ့ ပါတယ်။
မြန်မာလူမျိုးထဲမှ လော့ဂရစ်သမ် (Logarithm) ခေါ် ဂဏန်းတွက်ပုံကို ပထမဆုံးတက်မြောက်အသုံးပြုခဲ့သူမှာ ဘိုးတော်ဘုရား ၏ သားတော် မက္ခရာမင်းသားဖြစ်ပါတယ်။
မြန်မာ့ပထမဆုံးအင်္ဂလိပ်-မြန်မာအဘိဓာန်ကို ဘိုးတော်ဘုရား(ဗဒုံမင်း) ၏သားတော် မက္ခရာမင်းသားက ပြုစုပြီး (၁၈၄၁) ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ ကာလကတ္တား (Calcutta) မြို့၌ ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။
မြန်မာလူမျိုးထဲမှ အင်္ဂလိပ်စွယ်စုံကျမ်းကို မြန်မာဘာသာသို့ ပထမဆုံးဘာသာန်ြဆိုခဲ့သူမှာ ဘိုးတော်ဘုရား၏ သားတော် မက္ခရာမင်းသားဖြစ်ပြီး (ရီးစ်-စွယ်စုံကျမ်း) (Ree's Encyclopedia) ကို မြန်မာဘာသာ သို့ ပြန်ဆိုခဲ့ပါတယ်။
မြန်မာနိုင်ံသို့ ပထမဆုံးရောက်ရှိလာသော ကင်မရာမှာ ဘိုးတော်ဘုရားလက်ထက် (၁၇၉၇)ခုနှစ်၊ မတ်လ (၂၁) ရက်နေ့က အရှေ့အန္ဒိယမှ (Captain Hiram Cox) ယူဆောင်လာသော (Camear obscura) ခေါ် သေတ္တာ ကင်မရာဖြစ်ပါတယ်။
မြန်မာ့ပထမဆုံး မြန်မာ-အဂ်လိပ်အဘိဓာန်ကို (ဒေါက်တာအဒိုနီရမ်-ဂျပ်ဆင်) (Dr Adoniram Judson) ခေါ် ဆရာယုဒ သန် (Saya Judson) က (၁၈၄၈) ခုနှစ်တွင်ပြုစုခဲ့ပါတယ်။
မြန်မာနိုင်ငံ၏ပထမဆုံးမီးသတ်စက်မှာ အိန္ဒိယနိုင်ငံရှိ အင်္ဂလိပ်အစိုးရက မြန်မာနိုင်ငံမှ အိမ်ရှေ့မင်းသား တစ်ပါးအား လက်ဆောင်ဆက်သခဲ့သော မီးသတ်စက်ဖြစ်ပြီး (၁၈၁၀) ပြည့်နှစ်တွင်စတင်အသုံးပြုခဲ့ပါတယ်။
(အချက်အလက်တွေစုဆောင်းပေးတဲ့ကိုမင်းကိုကိုကိုအထူးကျေးဇူးတင်ရှိပါကြောင်း)။
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်