အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » အာဂျင်တီးနား – နယ်သာလန် (ဆီမီးဖိုင်နယ် သုံးသပ်ချက်)

အာဂျင်တီးနား – နယ်သာလန် (ဆီမီးဖိုင်နယ် သုံးသပ်ချက်)

Written By MyanmarChnnel@ on Wednesday, July 9, 2014 | 10:52 PM

ဘရာဇီလ်းနိုင်ငံမှာ ယှဉ်ပြိုင်ကစားနေတဲ့ ကမ္ဘာဖလား ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ် ဒုတိယနေ့အဖြစ် အာဂျင်တီးနားနဲ့ နယ်သာလန်တို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

နယ်သာလန်နဲ့ ကစားမယ့် အာဂျင်တီးနားမှာတော့ အားထားရတဲ့ ကွင်းလယ်သမား ဒီမာရီယာဟာ ဒဏ်ရာကြောင့် ဆီမီးဖိုင်နယ်ပွဲစဉ်ကို လွဲချော်သွားပြီ ဖြစ်ပါတယ်။ ဒါပေမယ့် တိုက်စစ်မှူး အဂွာရိုကတော့ ဒဏ်ရာကနေ သက်သာလာပြီး ကြံ့ခိုင်လာပြီလို့ အသင်းဆရာဝန်က ပြောပါတယ်။
ဒီမာရီယာဟာ ဒဏ်ရာအတွက် ကုသမှု ခံနေရပြီး တကယ်လို့ အာဂျင်တီနားအသင်း ဗိုလ် လုပွဲကိုရောက်ရင် ကစားနိုင်မလားဆိုတာကလည်း မသေချာတဲ့ အနေအထားမှာရှိပါတယ်။ ဒီမာရီယာဟာ မက်ဆီးပြီးရင် အသင်းအတွက် အားထားရတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
နယ်သာလန်အသင်းမှာလည်း အသင်းက အားထားရတဲ့ ကစားသမား ဗန်ပါစီကလည်း အစာအိမ်ရောဂါကြောင့် ပါဝင်နိုင်ဖို့ မသေချာဖြစ်နေပါတယ်။ ဗန်ပါစီဟာ အသင်းဖော်တွေနဲ့လည်း လေ့ကျင့်ကွင်းကို မဆင်းနိုင်ဘူးလို့ သတင်းတွေက ရေးပါတယ်။
နယ်သာလန် နည်းပြဗန်ဟာလ်းကတော့ ဗန်ပါစီမှာ အူနဲ့ပတ်သက်တဲ့ ရောဂါခံစားနေရပြီး သူ့ကို မစွန့်စားစေချင်ဘူးလို့ ပြောပါတယ်။ ဒါပေမယ့် ကွင်းလယ်ကစားသမား နီကယ်လ်ဒီဂျောင်ကတော့ ပြန်ကစားနိုင်မယ်လို့ ဆိုပါတယ်။
အားကစားကလောင်ရှင် ကိုဟိန်းသန့်ကတော့ အာဂျင်တီးနားကို ပိုကြိုက်နှစ်သက်တယ်လို့ ခန့်မှန်းထားပါတယ်။
“အာဂျင်တီးနားနဲ့ နယ်သာလန်က ခြေစွမ်းချင်း သိပ်မကွာဘူး။ ဒါပေမယ့် အာဂျင်တီးနားကစားပုံကလည်း သိပ်ပြီးတော့ အကောင်းကြီး မရောက်သေးပေမယ့် သူတို့ ကစားနေတဲ့ ပုံကိုကြည့်ရတာက ပွဲတပွဲချင်းအပေါ်လိုက်ပြီး အင်အားချွေတာကစားနေတဲ့ပုံ တွေ့ရတယ်။ လိုရင်လိုသလို ကစားအားထုတ်နိုင်တဲ့ အနေအထားမျိုး ရှိတယ်လို့ ထင်တယ်။ နယ်သာလန်ကျတော့ တောက်လျောက် ရှုံးထွက်ပွဲတွေမှာ ပွဲကျပ်တွေ ကစားထားရတယ်။ နောက်ဆုံးကစားထားတဲ့ ပွဲကလည်း အချိန်ပို ပင်နယ်တီအထိ ကစားထားတယ်ဆိုတော့ ရှေ့တန်းမှာ ရော်ဘင်တို့၊ ဗန်ပါစီတို့ ကစားအားက နည်းနည်းလျော့သွားမယ့် အနေအထားမျိုး မြင်ရတယ်။ အဲဒါကြောင့် အဲဒီပွဲကတော့ အာဂျင်တီးနားကို ပိုကြိုက်ပါတယ်။”
အာဂျင်တီးနားနဲ့ နယ်သာလန် အနိုင်ရတဲ့ အသင်းဟာ ဗိုလ်လုပွဲမှာ စောင့်နေတဲ့ ဂျာမနီအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာလည်း ဖြစ်ပါတယ်။
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်