အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » နိုင်ငံသားစိစစ်ရေးဌာနတွင် ငွေပိုတောင်းသည့် ထိုင်းအရာရှိ ၅ ဦးကို ရာထူးချ

နိုင်ငံသားစိစစ်ရေးဌာနတွင် ငွေပိုတောင်းသည့် ထိုင်းအရာရှိ ၅ ဦးကို ရာထူးချ

Written By MyanmarChnnel@ on Wednesday, July 9, 2014 | 10:46 PM


ထိုင်းနိုင်ငံ မြန်မာ၊ လောနဲ့ ကမ္ဘောဒီးယား နယ်စပ် ၃ ခုမှာ ပြည်ဝင်ခွင့် ဗီဇာကြေး ပိုမိုကောက်ခံမှုနဲ့ ဦးစီးအရာရှိ ၅ ဦးကို ရာထူးခေတ္တချထားကြောင်း မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြထား ပါတယ်။
အိမ်နီးချင်း ၃ နိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေကို နိုင်ငံသားစိစစ်ရေး လက်ခံဆောင်ရွက်ပေး နေတဲ့ ခရိုင် ၅ ခု စစ်ဆေးရေးဂိတ်တွေမှာ ပြည်ဝင်ခွင့်ဗီဇာကြေးကို သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ခံကြောင်း၊ ပတ်စပို့ပွဲစားတွေနဲ့ ပူးပေါင်းကာ အမြတ်အစွန်းခွဲဝေရယူကြောင်း တိုင်ကြားချက်တွေအရ ဦးစီးအရာရှိ ၅ ဦးကို အလုပ်သမားရေးရာကျွမ်းကျင်လုပ်သားတွေအဖြစ် အလုပ်သမားရှာဖွေခန့်ထားရေးဦးစီးဌာနမှာ ခေါ်ထားလိုက်တယ်လို့ ဌာနဆိုင်ရာ တာဝန်ရှိသူက ပြောကြောင်း သတင်းမှာ ဖော်ပြပါတယ်။
ဒါဟာ ထိုင်းအမျိုးသားငြိမ်းချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးကောင်စီလက်ထက် အလုပ်သမား ဦးစီးဌာန ညွှန်ချုပ်အဖြစ်တက်လာသူ နိုင်းဆုမစ် မဟိုဆွတ်ရဲ့ ပထမဆုံးအကြိမ် လာဘ်စားမှု တိုက်ဖျက်ရေး ဆောင်ရွက်ချက်ဖြစ်ကြောင်း၊ ရာထူးမှ ခေတ္တချထားခံရသူတွေကို ဇူလိုင်လ ၈ ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ဖို့ ညွှန်ကြားထားပြီး တပြိုင်နက်တည်းမှာပဲ ဒီကိစ္စ အမှုမှန်ပေါ်ပေါက်ရေးအတွက် စုံစမ်းစစ်ဆေးရေးကော်မတီတစ်ရပ်ကိုလည်း ဇူလိုင်လ ၈ ရက်နေ့ မှာ ဖွဲ့စည်းလိုက်တယ်လို့ ဆိုပါတယ်။
ရာထူးချခံရသူ ၅ ဦးဟာ ထိုင်းနိုင်ငံ အလယ်ပိုင်း စမွတ်စခွန်၊ စမွတ်ပရကန်း၊ မြောက်ပိုင်းက ချင်းရိုင်း နဲ့ တာ့ခ်ခရိုင်၊ တောင်ပိုင်း ရနောင်းခရိုင်ရှိ နိုင်ငံသား စိစစ်ရေးဌာနတွေက ဖြစ်ပြီး တိုင်ကြားချက်မှာ သတ်မှတ်ထားတဲ့ ဗီဇာကြေး ဘတ် ၅၀၀ ကို ဘတ် ၁၄၀၀ ကနေ ၁၆၀၀ ထိ တိုးတောင်းခြင်း၊ ပွဲစားစတဲ့ ပြင်ပလူကို ဌာနဆိုင်ရာဧရိယာထဲ ၀င်ခွင့်ပြုခြင်း စတဲ့ အချက်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။
စုံစမ်းစစ်ဆေးချက်အရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင် ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်း အရရော ရာဇ၀တ်မှုအနေနဲ့ပါ ထိရောက်စွာအရေးယူသွားမယ်လို့ ညွှန်ချုပ်ရဲ့ အပြောကို ကိုးကားပြီး မန်နေဂျာအွန်လိုင်းမှာ ရေးသားဖော်ပြသွားပါတယ်။ ကောင်းလိုက်တဲ့သတင်းဗျာ အရမ်းကိုကောင်းတယ်
ဒီလိုမျိုးဖြစ်သင့်နေတာကြာနေပါပြီ စစ်အာဏသိမ်းလိုက်မှပဲ အခုလိုဖြစ်လာတော့တယ်
နောက်များများ ဖြုတ်ပေး..စေချင်တယ် နောက်လည်းကျွန်နော်သိသမျှသတင်းတွေကိုတင်ဆက်ပေးသွား
ပါမယ်
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်