အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ကြိုးစားမူကိုရပ်တန့် ပြီးဘယ်တော့မှအရှုံးမပေးလက်မမြှောက် ဘူးဆိုတဲ့တေးဂီတကြယ်တစ်ပွင့်အဆိုတော်မညှာစိမ်းခိုင် နှင့်တွေ့ ဆုံးခြင်း

ကြိုးစားမူကိုရပ်တန့် ပြီးဘယ်တော့မှအရှုံးမပေးလက်မမြှောက် ဘူးဆိုတဲ့တေးဂီတကြယ်တစ်ပွင့်အဆိုတော်မညှာစိမ်းခိုင် နှင့်တွေ့ ဆုံးခြင်း

Written By MyanmarChnnel@ on Saturday, July 12, 2014 | 3:39 AM

’’’ ယောင်္ကျားပီသပြီး ခိုင့်ကို အမှန်တကယ်ချစ်ခင်ကြင်နာပြီးတော့တစ်သက်လုံးစိတ်ချမ်း
သာအောင်ထားနိုင်တဲ့ယောင်္ကျားမျိုးကိုရွေးချယ်သွားမယ်ဆိုတဲ့ ရခိုင်တေးဂီတ ကြယ်တစ်ပွင့်
ဖြစ်တဲ့မညှာစိမ်းခိုင်နဲ့  အင်တာဗျူး’’’’’
ရခိုင်တေးဂီတ ကြယ်တစ်ပွင့် ဖြစ်တဲ့မညှာစိမ်းခိုင်ကို အဖေ ဦးထွန်းအောင်ကျော်၊အမေ ဒေါ်ခင်ဌေးမှ ၁၉၈၆-ခု၊ ဒီဇင်ဘာလ (၁၀) ရက်၊ဗုဒ္ဓဟူးနေ့  မှာစစ်တွေမြို့ရူပမြောက်ရပ်ကွက်မှာမွေးဖွားပေးခဲ့ပါတယ်။ အဆိုတော်ညှာစိမ်းခိုင်ပြောတာက ’’’ ကြိုးစားမူကိုတော့ရပ်တန့် ပြီး ဘယ်တော့မှအရှူံးမပေးလက်
မမြှောက်ခဲ့ဘူး’’ ဂီတလောကမှာအောင်မြင်လာဖို့  အတွက် ကြီးကြီးမားမားမကြိုးစားနိုင်ခဲ့
ဘူးဆိုရင်ဘ၀မှာကျရှူံးမူနဲ့  ကြုံရမှာပဲလို့  မညှာစိမ်းခိုင်ကပြောပါတယ်။ ဒီတစ်ပတ်အတွက် သဇင်ပန်းခိုင်မှသတင်းထောက် ကိုခိုင်မောင်ဦးမှ အင်တာဗျူးထားပါတယ်။

မေး။ လက်ရှိအနုပညာလှုပ်ရှားမှုနဲ့ ပတ်သက်လိုပြောပေးပါ။

ညှာ။ အခုလက်ရှိအနုပညာကခိုင်စတုတ္ထမြောက်တစ်ကိုယ်တော်တေးစီ
ရီအတွက်ထွက်ဖို့ စီစဉ်နေပါတယ်။ (၉)ပုဒ်လောက်တော့ တီးခတ်လို့  ပြီးသွားပါပြီ။ သီချင်းအပုဒ်က(၁၂)ပုဒ်ပါပါတယ်။ အခုထိတော့ အခွေ နာမည်မပေးရသေးပါဘူး။ အကောင်းဆုံးသီချင်းတွေလုပ်ဖို့  ရွေးချယ်ထားပါတယ်။

 

အဓိကတော့အချစ်သီချင်းတွေကို ဦးစားပေးပြီး ရွေးချယ်ထားတာပေါ့နော်။ အခုအခွေ
ကတော့ ဒီနှစ်မကုန်ခင် လောက်မှာ DVD အခွေအနေနဲ့ ထွက်ဖြစ်ဖို့ မျှော်လင့်ထားပါတယ်။ နိုင်ငံခြားမှအစ်ကိုရောက်တောမှပဲအကောင်းဆုံး သီချင်းတွေကိုစုစည်းပြီးရွေးချယ်ထုတ်ဝေသွားဖို့  မျော်လင့်ထားပါတယ်။

မေး။ အဲ့ဒီထဲခွေထဲမှာအမျိုးသားရေးနဲ့ ပတ်သက်တဲ့ သီချင်းတွေရော့ဘယ်နှစ်ပုဒ်လောက်ဆိုထားပါလဲညီမ

ညှာ။ အခုလောလောဆယ်တော့ရွေးပြီးသားတော့မရှိသေးပါဘူး။ အစ်ကိုကတော့သီချင်းအပုဒ်( ၂၀) လောက်ရေးစပ်ထားပါတယ်။ အဲ့ဒီသီချင်းတွေအကုန်လုံးအချစ်သီချင်းတွေဖြစ်နေတယ်။ အမျိုးသားရေးသီချင်းကတော့ပါမည်။ အကောင်းဆုံးသီချင်းတွေကို Selection လုပ်နေတုန်းပါပဲရှင့်။

မေး။ ညီမလေးတစ်ကိုတော် တေးစီးရီးဘယ်နှစ်ခွေလောက် ထွက်ပြီးပြီးလဲ။

အခုဆိုရင်( ၃) ခွေထွက်ပြီးနေပါပြီ။ အခုဆိုရင်စတုတ္ထအခွေလုပ်နေပြီးပေါ့လေ။

မေး။ အခုလိုဂီတလောကကို ဖြတ်သန်းလာခဲ့တဲ့ တစ်လျောက်မှာဘယ်လိုအခက်မျိုးနဲ့  ကြုံခဲ့ရလဲ။ အဲဒီအခတ်အခဲ့တွေကိုရော ဘယ်လိုကျော်ဖြတ်ခဲ့ရလဲ။

ညှာ။ အခက်အခဲတွေကတော့ အများကြီးမရှိခဲ့ပါဘူး။ မိဘပံ့ပိုးမှုနဲ့  အခက်အခဲ့တွေကိုကျော်ဖြတ်နိုင်ခဲ့ပါတယ်။ အာရီယန်နွယ် တေးစီးရီး ထဲမှာ ကိုယ်မှန်းထားတာထက်အများကြီးအောင်မြင်ပါတယ်။

 တော်ဝင်ရက္ခ သီချင်းခွေဆိုရင်လည်း တော်တော်လည်းအောင်မြင်သွားပါတယ်။ မဖြန့်လိုက်ရတဲ့ နေရာတွေအများကြီးရှိခဲ့ပါတယ်။ ဒါပေမယ့် ခိုးကူးခွေတွေ တော်တော်များများ ပြန့်သွားတာတွေ တွေ့  ရပါတယ်။ နောက်ပြီးမထွက်လိုက်တဲ့ခွေနှစ်ခွေ ရှိခဲ့တာပေါ့လေ။ အစ်ကိုထွန်းအောင်သာရေးစပ်ထား
တဲ့သီချင်းတွေက သူ့ ဆီမှာတောင်မဖြန့်  ဘဲသိမ်းထားလို့  တောင်နှစ်ခွေရှိနေပါတယ်။ထုတ်ဖို့  မရသေးဘူးပေါ့နော်။



မေး။ ဂီတလောကကို အချိန်ပြည့်လုပ်နိုင်ဖို့အတွက်ညီမလေး အနေနဲ့ဘယ်အရာတွေကို စွန့်ခဲ့ရလဲ။

ညှာ။ ကိုယ်လိုချင်တဲ့အရာ ရေမှန်းချက် ရည်ရွယ်ချက်ကိုတော့အကောင်အထည်ဖော်နိုင်အောင်
အစွမ်းကုန်ကြိုးစား ရပါတယ်။ကြီးကြီးမားမားမကြိုးစားနိုင်ခဲ့ဘူးဆိုရင်ဘ၀မှာကျရှူံးမူကြုံရမှာပဲ။ တစ်ခုခုလိုချင်ရင်တော့ နောက်တစ်ဖတ်မှာ စွန့်  လွတ်ရတာတွေရှိတယ်ဆိုပေမယ့် ကိုယ့်ဘက်က ဂီတလောကကိုထိုးဖောက်အောင်မြင်နိုင်အောင် အဖတ်ဖတ်မှကြိုးစားမူကိုရယူခဲ့ပါတယ်။ ကြိုးစားမူကိုတော့ရပ်တန့် ပြီး ဘယ်တော့မှအရှူံးမပေးလက်မမြှောက်ခဲ့ပါဘူး။

မေး။ ဒီလိုအနုပညာ ဂီတလမ်းကိုလျှောက်လာဖို့ မိဘတွေနဲ့ဘယ်လိုအပေးအယူလုပ်ခဲ့ရလဲ။

ညှာ။ အဆိုတော်ဖြစ်ဖို့ အတွက်ခိုင်ငယ်ငယ်ကတည်းကအပေးအယူရှိခဲ့တာပေါ့နော်။အသံပါဝါကောင်းကောင်းနဲ့ အဆိုတော်တစ်ယောက်ဖြစ်ဖို့  သမီကြိုးစားရင် သမီးတောင်းတာပေးမယ်ဆိုပြီးပြောခဲ့တာရှိတာပေါ့လေ။

ကျွန်မငယ်ငယ်တုန်းကတည်းက ဖေဖေ မေမေ တို့က အဆိုတော်ဖြစ်ဖို့ တော်တော်ပံ့ပိုးခဲ့ပါတယ်။ ခိုင်( ၇) နှစ်အရွယ်ကတည်းကပေါ့နော် ။ အဓိကတော့ မိဘနှစ်ပါး ပံ့ပိုးပြီး လုပ်ပေးခဲ့တာပေါ့လေ။ ခိုင့် မှာတော့ ဆွေမျိုးတွေနဲ့ ပတ်သက်ပြီးတော့ ပံ့ပိုးမှုတွေမရှိခဲ့ပါဘူး။

သူတို့တွေကို လည်း အားကိုးမှုတွေမရရှိခဲ့ပါဘူး။ အချို့ခွေတွေကို အားပေးဖို့တောင်မှ သူတို့တွေက အားမပေးခဲ့ကြပါဘူး။ ပရိသတ်တွေက တော်တော်များများ အားပေးခဲ့ပေမယ့် ဆွေမျိုးဘက်ကတော့ အားပေးမှုမရှိခဲ့ပါဘူး။ ခိုင့်အနေနဲ့က ဝါသနာကြီးတော့ အဆိုတော်ဖြစ်အောင် အမေအဖေတွေက တော်တော်ကြိုးစားပြီးပံ့ပို့  ခဲ့ပါတယ်။ ဒါကြောင့်မို့လည်း ဒီလောက်ထိတိုးတက်လာခဲ့တာပေါ့။ အခက်အခဲရှိလာရင်လည်း မိဘနှစ်ပါးက ဖြေရှင်းပေးပါတယ်။ နယ်ပွဲတွေသွားမယ်ဆိုရင်လည်း အဖေနဲ့အမေက အဓိကလိုက်ပြီး လုပ်ဆောင်ပေးပါတယ်။ သူတို့ပါတော့ပိုပြီးအားရှိတာပေါ့နော်။

မေး။ ရှေ့ရှည်မှာ အနုပညာအပြင် တခြားစီးပွားရေးတွေ လုပ်သွားဖို့အစီစဉ်တွေရောရှိပါလား။

ညှာ။ အခြားစီးပွားရေးလုပ်ငန်းလုပ်ဖို့ အစီအစဉ်မရှိသေးပါဘူး။ လောလောဆယ်တော့မိဘတွေ ဖွင့်ပေးထားတဲ့ မိန်ကလေး ဘော်ဒါဆောင် တော့ရှိနေပါတယ်။ အဲဒီမှာ ကြီးကြပ်ပြီး လုပ်ငန်းဆောင်ရွက်နေပါတယ်။ ကျန်တာတွေကို တော့ မလုပ်ဖြစ်ပါဘူး။

အနုပညာကလွဲလို့ပေါ့နော်။ ကိုယ့်အသက်ကြီးလာတောင်မှ အနုပညာနှင့် ပတ်သက်ပြီးတော့ အောက်ကငယ်သားတွေကို မြှင့်တင်ပေးဖို့ အစီအစဉ်တွေရှိပါတယ်။

မေး။ သီချင်းဆိုတဲ့အခါ အချစ်သီချင်း၊ ဘ၀သီချင်း၊ အမျိုးသားရေးသီချင်း၊ ဘယ်အရာကိုပိုပြီးအားသန်ပါလဲ။

ညှာ။ အမျိုးသားရေးသီချင်းတွေကတော့ ပိုပြီးတော့အားသန်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကလည်း အာသန်နဲ့ ဆိုတာဆိုတော့ပိုပြီးဆိုရတာ အားရမိပါတယ်။ အမျိုသားရေးသီချင်းကျတော့ အားမာန်အပြည့်နဲ့ ဆိုရတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည့်မှုပိုရှိလာသလို ခံစားရပါတယ်။

အားပေးတာကလည်း အမျိုးသားရေးသီချင်းကို ပိုပြီးတော့အားပေးကျတာပေါ့လေ။ ကိုယ်ကလည်း ရခိုင်လူမျိုးဆိုတော့ အမျိုးသားရေးနဲ့ပတ်သက်တဲ့ သီချင်းတွေဆို
အခါမှာကိုယ့်ရခိုင်လူမျိုးများတွေကပိုပြီးအားပေးကျတာပေါ့လေ။

အချစ်သီချင်းတစ်ပုဒ်ဆိုတာနဲ့ အမျိုးသားရေးသီချင်းတစ်ပုဒ်ဆိုတာ အရမ်းကိုကွာခြား
တာပေါ့နော်။ အမျိုးသားရေးသီချင်းဆိုရတာ ပိုပြီးအားသန်ပါတယ်။

နောက်တစ်ဘက်မှာကျတော့ တေးရေးဆရာတွေဘက်က သံစဉ်ကောင်းကောင်းရေး
တတ်ဖို့ လိုတာပေါ့။ ဒါမှလည်း ဆိုရတာ အရသာရှိတာပေါ့နော်။ ကိုညီမင်းခိုင် ဆိုရင်လည်း အချစ်သီချင်းကိုရေးစပ်ရာမှာ အရမ်းကိုတော်ပါတယ်။ ကိုဒိုးလ်ရီ ဆိုရင်လည်း အမျိုးသားရေး သီချင်းနဲ့ပတ်သတ်ပြီး ထိထိမိမိရေးစပ်နိုင်ပါတယ်။ ဒီလိုတေးရေးဆရာမျိုးတွေကို ရခိုင်တေးဂီတ
အတွက် အရမ်းကိုလိုအပ်နေပါတယ်။


သိပ်မကြာသေးခင်က သေဆုံးသွားတဲ့တေးရေးဆရာ ထွန်းအောင်သာကို ခိုင်အရမ်းလေး
စားရတဲ့ ဆရာပေါ့လေ။ သူသေဆုံးသွားတာဟာတော်တော်လေးကိုဝမ်းနည်းဖို့  ကောင်းပါတယ်။
သူကတော့ရခိုင်ယဉ်ကျေးမူးအနှစ်သာရသီချင်းတွေရေးစပ်တဲ့အခါမှာသူတစ်ယောက်
တည်ပဲစွမ်းစွမ်းတမံဖော်ထုတ်ရေးသားနိုင်ခဲ့တယ်။ ’’ ရိုးမရံစီ’’’ သီချင်းဆိုရင်လည်းသူရေးပေး
ခဲ့တဲ့သီးချင်းတစ်ပုဒ်လေ။

မေး။ အနုပညာလောကမှာ ပေါင်းသင်းဆက်ဆံရေး အရေးပါတယ်လို့ပြောကြပါတယ်။ ညီမလေးအတွက်ရော ဘယ်လောက်ထိအရေးပါသလဲ။

ညှာ။ ပေါင်းသင်းဆက်ဆံရေးကတော့အရမ်းကိုအရေးပါပါတယ်။ ဘာဖြစ်လိုလဲဆိုတော့အနုပညာသမားတစ်ယောက်ဆိုတာ ဆက်ဆံရေးကအဓိကကျပါတယ်။

ဆက်ဆံရေးမကောင်းတဲ့အနုပညာသမားတစ်ယောက်ဆိုရင်ပရိတ်သက်အားပေးမူတည်နေတာကိုး။ လူတွေကိုအဆင့်အတန်းမခွဲခြားဘဲနဲ့  ကိုယ့်ကိုယ်အားပေးနေတဲ့ပရိတ်သက်တွေကိုတန်းတူဆက်
ဆံဖို့ ဆိုလို့  ရှိရင်ပို့ ပြီးတော့ အောင်မြင်မယ်။ ကျော်ကြားလာမယ်။ ရယ်ရယ်ရွင်ရွင်ဖော်ဖော်ရွယ်ရွယ်နဲ့  ဆက်ဆံတက်မယ်ဆိုရင်အဲ့ဒီအနုပညာသမားတစ်ယောက်ဟာပို ပြီး တာရှည်ခိုင်မြဲပါလိမ့်မယ်။

ဘ၀င်မြင့်နေလိုကတော့ပရိတ်တွေအာပေးမူတွေမရှိသလောက်ဖြစ်သွားမယ်။တစ်ခါတစ်လေအင်တာနက်မှာကျတော့ညှာစိမ်းခိုင်က နှုတ်ဆက်တောင်ပြန်ပြောဘူး ဆိုပြီးပြောကြသေးတယ်။ မဟုက်ပါဘူး။ ကျွန်မကိုကျေးဇူးပြုပြီးဘ၀င်မြှင့်လို့  မပြောကြပါနဲ့ ဆိုပြီး အဲ့ဒါနဲ့  ပတ်သက်လို့  လည်းမနည်းတောင်း ပန်ပြီးဖြေပေး ရှင်းခဲ့ရတယ်။

မေး။ ရခိုင်ဂီတလောကကို ဒီထက်မကပြောင်မြောက်လာအောင် ဘယ်လိုဘယ်ဘက်ကနေပြီးပံ့ပိုးသွားမလဲ။

ညှာ။အခုဆိုရင်ရခိုင်ပြည်မှာမျိုးဆက်သစ်ရခိုင်လူငယ်အဆိုတော်တွေအင်မတန်မှနည်းပါတယ်။
အဖွဲ့  အစည်းတွေကအဆိုပြိုင်ပွဲတွေကို အဓိကလုပ်ဆောင်ပေးစေချင်ပါတယ်။ အဲ့ဒီလို့  အဆိုပြိုင်ပွဲတွေလုပ်လာမှလည်း အနုပညာရှင်တွေအသီးတွေအပွင့်ပေါ်ထွက်လာမယ်။

အခုဆိုရင်လည်း တပည့်အနေနဲ့ ဒိုးကလေး ဆိုတဲ့မိန်းကလေးတစ်ယောက်တပည့် အနေနဲ့ ပံပို့   နေပါတာတော့ရှိပါတယ်။ အခုသူတေးစီရီတစ်ခွေ ထွက်နေပါတယ်။ သူ့ကိုအဆိုတော် တစ်ယောက်ဖြစ်အောင် ခိုင်ကနေပြီးတော့ ပံ့ပိုးပေးနေပါတယ်။ နယ်ပွဲတွေမှာဆိုရင်လည်း ကိုယ်တက်နိုင်တဲ့ဘက်က ပံ့ပိုးမှုရအောင် သီချင်းဆိုဖို့ ထည့်ပေးပါတယ်။

သူမိဘတွေကလည်းတပည့်အဖြစ်အဆိုတော်တစ်ယောက်ဖြစ်လာအောင်လုပ် ပေးပါဆိုပြီးခိုင့်ဆီ ကိုလာအပ်ထားပါတယ်။ ရခိုင်ပြည်မှအနုပညာလောကထဲက ဘယ်သူပေါ်ထွက်လာမလဲဆိုတာ ခိုင်စောင့်နေတာပါ။ သူတို့ တွေကိုကိုယ်တက်နိုင်တဲ့ ဘက်ကမျိုးဆက်သစ်လူငယ်တွေကိုမြေထောင်မြှောက်ပေးဖို့  ခိုင်ကတော့အဆင့်သင့်ပါပဲ။

မေး။ အ၀တ်အစားဝတ်ရန် ဘယ်လိုလေးတွေကို နှစ်သက်လဲ။

ညှာ။ အ၀တ်အစားဝတ်ရင်တော့ လုံလုံခြုံခြုံနဲ မော်ဒန်ကျတဲ့အ၀တ်အစားကိုဝတ် ပါတယ်။မလုံးမခြုံတဲ့ မော်ဒန်ကျတာတွေမလိုချင်ဘူး။ ဘာလို့  ဆိုတော့ ရခိုင့်ဂုဏ်ကိုလည်းထိမ်းသိမ်းတဲ့အနေနဲ့  ဘောင်ဘီဆိုရင်လည်း ဘောင်ဘီအရှည်ပေါ့လေ။

လူတွေအမြင်မှာအကောင်းဆုံးဖြစ်အောင်ဝတ် ပါတယ်။ရှိုးပွဲတွေမှာအမျိုးသား သီချင်းဆိုဖို့ ဆိုရင်လည်း ရခိုင်ဝတ်စုံကိုအဓိကဦးစားပေးပြီးတော့ ၀တ်ပါတယ်။

တကယ်လို့  အချစ်သီချင်းတွေသီဆိုကျရင်လည်းလုံလုံခြုံခြုံနဲ မော်ဒန်ကျတဲ့အ၀တ်ကိုပဲ ဖေဖေမေမေတွေကလည်း ၀တ်ရပါတယ်။ ပေါ့ပေါ့ပေါ့တော့ တစ်ခါမှမ၀တ်ဖူးဘူး။ဟိုငယ်ငယ်ကတည်းကဖေဖေမေမေတွေမ၀တ်ခိုင်းပါဘူး။နောက်ပြီးကိုယ့်ကအနု ပညာ
လမ်းကိုလျှောက်နေ တဲ့အချိန်မှာလူပြောသူပြောရှေ့  မှာအပြောခံရမှာပဲလေအဲ့ဒါတွေ ကိုတော့ရှောင်ကြည့်ပြီးဝတ်ပါတယ်။ အကို

မေး။ ညီမလေးဘ၀မှာ ကြင်ယာဖတ်အဖော် ဘယ်လိုယောက်ျားမျိုးကို ရွေးချယ်ထားလဲ။

ညှာ။ တကယ်လို့ ရွေးချယ်မယ်ဆိုရင်ကိုယ့်ရခိုင်လူမျိုးပဲရွေးချယ်ဖြစ်မယ်။အခုတော့အဲဒီအိမ်ထောင်ရေးကဏ္ဍကိုသိပ်မစဉ်းစားသေးဘူးပါဘူး။ ကိုယ်ယူဖို့  သူ
ကရခိုင်လူမျိုးဖြစ်ရမယ်။ ပညာတက်ရမယ်။ယောင်္ကျားပီးသရမယ်။

ကိုယ့် ကိုယ် အမှန်တကယ်ချစ်ခင်ကြင်နာပြီးတော့တစ်သက်လုံးစိက်ချမ်း သာအောင်ပျော် ရွင်အောင်ထားနိုင်သူဖြစ်ရမယ်ပေါ့နော်။ခိုင်မိဘကိုနဲ့ အဆင်ပြေနိုင်လူမျိုးပေါ့နော်။ အဲ့လို့  ပဲရည်ရွယ်ထားတာပေါ့။

အနုပညာနဲ့  ပတ်သက်လို့  လုပ်နေတဲ့အချိန်မှာအဲ့ဒါနဲ့  ပတ်သက်လို့  ခိုင်ကတော့မစဉ်းစားသေးပါဘူး။တကယ်လို့  ဖြစ်ခဲ့ရင်တောင်အနုပညာလော ကထဲမှဖြစ်ခဲ့မှာ မဟုက်ပါဘူး။ အပြင်ကသူ တစ်ယောက်ယောက်ဖြစ်လိမ့်မယ်။

မေး။ နောက်ဆုံးအနေ နဲ့  ညီမပရိတ်သက်တွေကိုဘာများဖြည့်စွတ်ပြီး ဘာပြောချင်ပါသလဲ။

ညှာ။ ရခိုင်သူရခိုင်သားအားလုံးကိုလေးစားပါတယ်။ ရခိုင်သူရခိုင်သားအားလုံးကို ချစ်ပါတယ်။ ခိုင့်ကိုအပြည့်အ၀အားပေးမူနဲ့ တွေ့ ကြုံရတဲ့အခါမှာလည်း အရမ်းကိုဝမ်းသာပီတိဖြစ်မိပါတယ်။နောက်ထွက် လာမယ့်တစ်ကိုယ်တော်ခွေ တွေ နောက်အုပ်စုခွေတွေကိုလည်းအားပေးကြပါလို့  ပြောချင်ပါတယ်။

အခုလို့  သဇင်ပန်းခိုင်သတင်းဂျာနယ်မှအင်တာဗျူးပေးတဲ့ အတွက်ကြောင်းလည်း
အထူးပဲကျေးဇူးတင်ပါတယ်။

အထင်ကရတစ်ဦးဖြစ်သောရခိုင်အဆိုတော် မညှာစိမ်းခိုင်ကို သဇင်ပန်းခိုင်သတင်းထောက် ကိုခိုင်မောင်ဦးမှအင်တာဗျူးထားခြင်းဖြစ်သည်။

ခင်မောင်ထွန်း ပို့  ပေးသည်။
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်