အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks

အေမ

Written By MyanmarChnnel@ on Tuesday, July 22, 2014 | 7:33 PM



မြင်ကြည့်စမ်းပါ
သူငယ်ချင်းတို့
တို့ငယ်စဉ်အချိန်
ပျိုမျစ်မှုနဲ့

အားသွန်ခွန်စိုက်
ကိုယ့်အားကိုယ်ကိုး
သားသမီးအတွက်
နေပူမရှောင်
မိုးရွာမမှု
လောကဓံကို အန်တုပြီး

တို့အတွက်
ရှာဖွေကျွေးမွေး
အမေ့ကျေးဇူးတွေ...

သားသမီးလိုချင်တာ
ရအောင်ပေးနိုင်ဖို့
ဆာနေသော်လဲ မဆာသေးပါဘူး
လိုအပ်သော်လဲ မလိုသေးပါဘူး
ပင်ပန်းနေလဲ မမောသေးပါဘူးလို့
မေတ္တာတရားနဲ့ ဖုံးကွယ်
ပင်ပန်းသမျှကို မျိုချခဲ့တယ်...

အချိန်တန်အရွယ်ရောက်လို့
ကိုယ့်လမ်းကိုယ်လျှောက်
တစ်နေရာစီ ခွဲထွက်သွားတော့
အသိုက်မြုံဟောင်းမှာ
တစ်ကိုယ်ထဲရပ် ကျန်ခဲ့ရှာတဲ့ အမေ ...

အသက်အရွယ် ကြီးရင့်လာတော့
သားသမီးအကူညီ
လိုနေသော်လည်း
အကူညီမတောင်း
အိမ်အိုဟောင်းလေးမှာ

ငတ်တလှည့် ပြတ်တလှည့်နဲ့
မ၀၀မ်းစာ စားရရှာတဲ့
ထို အဖွားအိုဟာ

သင် လူဖြစ်အောင်
ကျွေးမွေးခဲ့မှန်း
ကျေးဇူးသိရင်
တဖန်ပြန်လှည့် ပြုစုပါ..

အပေးသာရှိ အလာမကြည့်တဲ့
အမေအိုတစ်ယောက်အတွက်
နောက်ဆုံးခရီးမှာ
အေးချမ်းစေဖို့

သားသမီးဝတ်လေး
သိတတ်ကြပါစေ
သူငယ်ချင်းတို့ရေ...။

လွမ်းဆုလေး
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်