အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » ပန်းရိုင်းတစ်ပွင့်၏ နိဒါန်း

ပန်းရိုင်းတစ်ပွင့်၏ နိဒါန်း

Written By MyanmarChnnel@ on Saturday, July 26, 2014 | 7:59 AM

မရွှင်သာဒီအသဲ
ဘယ်သူမှလဲ သိမည်မထင်ပါ။

စိတ်သောကတိုက်စားရာ ကမ်းပါးဆီက
တစ်မြေ့မြ့ကုန်ဆုံး 
ကျောက်ဆောင်ကြီး တစ်ခုလုံးတောင်
မြေခ ခဲ့ပေါ့ ။

ငါ့နှလုံးသား ကျောက်တောင်ကြီးမှာ
ခြ စားရာ ပရပွနဲ့
စကာပေါက်လို အပေါက်ငယ်များ
ခြေချ စရာမရှိအောင်  ဖြစ်နေခဲ့

ပြေးလေ နီးလေ
ရုန်းလေ နစ်လေ
ဖြေလေ ရစ်လေနဲ့
ကံတရားရဲ့ ၀င်္ကပါတောမှာ
အလဲလဲ အကွဲကွဲ
သွေးတွေလဲ ရဲခဲ့ပြီ။

နာကျ င်သော်လဲ မညည်းရဲ
အားကုန်နေလဲ မပြောရဲ
ပင်ပန်းနေလဲ မနားရဲ
အရုပ်ကြိုး ပြတ် ဖြစ်နေလဲ 
မအိပ်ရဲခဲ့ပါ။

ဖြေစရာ စကားလုံးတောင် မရှိ
ပြောစရာ စကားတွေလဲ မရှိ
အားပေးစရာ စကားတွေလဲ မရှိ
ကြေကွဲစရာ ဇာတ်လမ်းတစ်ချို့ နဲ့
လေငင်ရာ နေရာဘက်ကို
တရွေ့ရွေ့တိုး 
တိုးရင်းနဲ့ ခရီးဆက်ခဲ့မိသူ ငါ ...။

               လွမ်းဆုလေး

Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်