မော်ဒယ် သရုပ်ဆောင် ကောင်းမြတ်ဟိန်း(ခ) ကျော်ဇောဟိန်း သေဆုံးမှုအား အင်း
စိန်မြို့နယ်တရားရုံးတွင် ဇူလိုင် ၂၂ရက်တွင် စစ်ဆေးရာမှုခင်းဆရာ ဝန်
ဆေးစစ်ချက်ကို ထွက်ဆိုချက် ရယူခဲ့သည်။

မှုခင်းဆရာဝန်၏ ထွက်ဆိုချက် အရ သေဆုံးသူတွင် ပြင်ပဒဏ်ရာ ရှိပြီး ရေနစ်သေဆုံးခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။ဓါတုဗေဒဝန်ရုံး၏ ပြန်စာ ၃၃၃၊ 1BH၊ YGN/ ၂ဝ၁၄ အရ သေဆုံးသူအား ဖေဖော်ဝါရီ ၇ရက် က ခွဲစိတ်စစ်ဆေးမှုတွင် သွေးထဲ၌ အရက်ဓာတ်တွေ့ရှိသော်လည်း သေ ဆုံးသူ၏အစာအိမ်တွင် အရက်ဓာတ် မတွေ့ရှိရကြောင်း ဖော်ပြထားသည်။
Master University ပြိုင်ပွဲဝင် မော်ဒယ်သရုပ်ဆောင် ကောင်းမြတ် ဟိန်းသည် ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၂၁ရက်တွင် မြို့တော်ဂေါက်ကွင်း ဟိုတယ်အတွင်းရှိ ရေကူးကန်ထဲတွင် သေဆုံးခဲ့မှုအပေါ် CID (စုံစမ်း စစ်ဆေးရေး)အဖွဲ့မှ စစ်ဆေးနေခြင်း ဖြစ်ပြီးယနေ့ မှုခင်းဆရာဝန် ထွက် ဆိုချက်အရ ရေနစ်သေဆုံးခြင်း ဖြစ်ကြောင်းသိရသည်။
”ရေနစ်သေတယ်ဆိုတာ ဆရာဝန်ကြီးက သူတွေ့တဲ့အတိုင်း အမှန် အတိုင်းထွက်ဆိုသွားတာ။ ရေနစ် သေတယ်ဆိုတဲ့နေရာမှာ ပြင်ပဒဏ် ရာတွေ့တယ်လို့ ထွက်ဆိုသွားတယ်။ သူ့ကိုချုပ်နှောင်ပြီးတော့ ရေစည် ပိုင်းထဲမှာ နှစ်လဲ ရေနစ်သေတာပဲ။ ပြီးတော့မှ ရေကန်ထဲချလဲရတာပဲ။ အစ်မကတော့ အဲဒီလိုယူဆတယ်” ဟု မော်ဒယ်သရုပ်ဆောင် ကောင်းမတ်ဟိန်း၏ အစ်မဖြစ်သူ မစိုးယုမော်က ပြောသည်။
ဇူလိုင် ၂၂ရက် အမှုရုံးချိန်းသို့ မော်ဒယ်သရုပ်ဆောင် ကောင်းမြတ်ဟိန်း၏ မိခင်၊ ဖခင်နှင့် အစ်မတို့ လာရောက်ခဲ့ပြီး နောက်တစ်ကြိမ် ရုံးချိန်းကို ဇူလိုင် ၃၁ရက်သို့ ထပ်မံ ချိန်းဆိုလိုက်ကြောင်း သိရသည်။
မော်ဒယ်သရုပ်ဆောင်ကောင်း မြတ်ဟိန်း(ခ) ကျော်ဇောဟိန်းသည် Master University ပြိုင်ပွဲဝင်ရန် အတွက် August Myanmar ကုမ္ပ ဏီမှ တာဝန်ယူ၍ စခန်းသွင်းလေ့ကျင့် နေစဉ်အတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်။
Master University ပြိုင်ပွဲ ဝင်ရန် ယောက်ျားလေး ၁၈ဦး၊ မိန်းခလေး ၁၈ဦးတို့ မြို့တော်ဂေါက်ကွင်း ဟိုတယ်၌ August Myanmar ကုမ္ပဏီမှ တာဝန်ယူ၍ စခန်းသွင်းလေ့ ကျင့်နေရာမှ ဇန်နဝါရီ ၂၁ရက် ည နေ ၅နာရီခန့်တွင် ပြိုင်ပွဲဝင်များနှင့် အတူရေဆင်းကူးပြီး ၅နာရီခွဲခန့်တွင် ရေကူးနေသူအားလုံး ရေကူးကန်မှ တက်သွားကြပြီး နေ့စဉ်ပြုလုပ်သည့် ည ၆နာရီ အစည်းအဝေးသို့ တက် ရောက်ခြင်းမရှိဘဲ ကောင်းမြတ်ဟိန်း မှာစတင်ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။
အဆိုပါနေ့ ည ၁၂နာရီအချိန် ခန့်တွင်မှ ဟိုတယ်လုံခြုံရေးဝန်ထမ်း မှ ၄င်း၏အလောင်းအား ရေကူးကန်အတွင်းမှ ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Democracy Today

(Visited 729 times, 255 visits today)
သတင်းဦး၊ သတင်းထူးနှင့် သတင်းကောင်းများ ဖတ်ရှုနိုင်ရန် အောက်မှ အပြာရောင် Follow ခလုတ်ကို နှိပ်ထားဖို့လိုပါတယ်။ (Follow ပေါ်တွင် အမှန်ခြစ် ရှိနေပါက မနှိပ်ရပါ။)
0 comments:
Post a Comment