အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » လျှပ်စစ်ဝါယာလျှော့ကြောင့် သိမ်တော်မီးလောင်

လျှပ်စစ်ဝါယာလျှော့ကြောင့် သိမ်တော်မီးလောင်

Written By MyanmarChnnel@ on Thursday, July 10, 2014 | 7:41 AM

ဂျူလိုင် ၁၀ ရက် ၂၀၁၄သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်အတွင်း လျှပ်စစ်မီး ဝါယာလျှော့ဖြစ်ရာမှ သိမ်တော် မီးလောင်ပြာ ကျကာ ရှေးဟောင်းဆင်းတုတော် နှင့် တကွ အခြားဆုံးရှုံးမှုများ
ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

၂၀၁၄ ဂျူလိုင် ၉ ရက် ၆ နာရီအချိန် သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့ မြောက်ဘက် နှစ်မိုင်ခန့်အကွာရှိ နမ့်ဟူးကျောင်းတော် သိမ်တော်မီးလောင်မှုဖြစ်ပွားခဲ့၏။ မီးလောင်စဉ်သိမ်တော်အတွင်း ကျိန်းစက်သည့် ဦးပဉ္စင်းက ဆွမ်းခံထွက်နေချိန်ဖြစ်နေကြောင်း၊ ဆွမ်းခံပြန်မရောက်မီ သိမ်တော်မီးလောင်သွား ခြင်းဖြစ် ကြောင်း၊ ဝါယာကြိုးအဆက် မိုးရေထိမိမှုကြောင့် ဝါယာလျှော့ဖြစ်ကာ မီးလောင်ခြင်း ဖြစ် ကြောင်း နမ့်ဟူးကျောင်းတော် ဘုရားဒါယိကာ တဦးကပြောသည်။




“အဲဒီ သိမ်တော်က ကျွန်းသစ်နဲ့ ဆောက်ထားတာ။ နှစ်ပေါင်း သုံးလေးဆယ်ရှိပြီ။ ရှေးဟောင်း သစ်သား ဘုရား၊ ကြေးဘုရား နဲ့ ရှေးဟောင်း ပေစာ ပုရပိုက်စာတွေ မီးထဲ အကုန်ပါသွားတယ်။ သိမ်တော် အ တွင်းရှိတဲ့ တခြားပစ္စည်းတွေတော့ ကာလတန်ဖိုး ကျပ် ၁၀ သိန်းလောက်ပေါ့” - ပြောသည်။
ယမန်နှစ် ၂၀၁၃ ဂျွန် ၁၂ ရက်နေ့ တွင်လည်း မိုင်းပန်မြို့ မွေတော်ရပ်ကွက် ၈ တွင်လည်း မီးလောင် မှုကြောင့် အိမ်ခြေ ၇ လုံး ဆုံးရှုံးခဲ့ပါသည်။

မိုင်းပန်မြို့သည် လင်းခေးခရိုင်အတွင်းတည်ရှိပြီး တောင်ကြီးမြို့ အရှေ့တောင်ဘက် ၁၄၀ မိုင်ကျော် ကွာဝေးသည်။ တော်လှန်ရေးတေးသီချင်းတွင်နာမည်ကျော် တေးရေး တေးဆို ကျောင်းဆရာ စိုင်းမူး ဖွားမြင်ရာမြို့ဖြစ်သည့်အပြင် သျှမ်းစာဆိုတော် စဝ်ကောလီ နေထိုင်သည့် မြို့လည်းဖြစ်သည်။
သျှမ်းသံတော်ဆင့် ရွှေမြန်မာဆိုဒ်မှာ ပြန်လည်မျှဝေလိုက်တာပါ။

Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်