အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » စောင့်လေ မျိုးနွယ်

စောင့်လေ မျိုးနွယ်

Written By MyanmarChnnel@ on Tuesday, July 22, 2014 | 8:25 PM

 


ကိုယ်ထင်ရင် ကုတင်ရွှေနန်းလို့ စကားပုံကဆိုခဲ့ပါသည်။ အထင်သည်မမြဲခဲ့ပါ။ ပြောင်းလဲ ခဲ့ရပါပြီ။ ဒီတော့ ကုတင်သည် ရွှေနန်းမဟုတ်ဘဲ သူမအတွက် အလျှံငြီးငြီးတောက်လောင်နေသော သံနှောင်အိမ်ဖြစ်ခဲ့ရပါလေပြီ။
"ချိုရယ် မင်းရဲ့ အပြစ်ကင်းတဲ့ အပြုံးလေးရယ်၊ ၀ါဝင်းတဲ့အသားလေးရယ်ဟာ ကိုယ့်ကို ပထမဆုံးဖမ်းစား လိုက်တာပါပဲ"
ချစ်သူ၏နွေးထွေးသော စကားသံများသည် သူမအတွက် ငြိမ့်ညောင်းသော ဂီတသံများ ဖြစ်ခဲ့ဖူး ပါသည်။

"မချိုရယ် ညည်းအိမ်ထောင်ကျ သိပ်ကံကောင်းတာပဲ" ဘ၀တူမိန်းကလေးများ၏ ချီးကျူးမှုကိုခံရသောအခါ သူမ မပွင့်တစ်ပွင့်ပြုံးပြခဲ့ပါသည်။ ရင်ထဲမှာတော့တိတ်တခိုး ပီတိလှိုင်းတို့ အလိပ်လိုက်တက်နေခဲ့ပါသည်။ မင်္ဂလာဆောင်ပြီး နောက်တစ်နေ့မှာတော့သူမ၏ပီတိလှိုင်းတို့စတင်ညစ်နွမ်းစပြုခဲ့ရပါပြီ။



"ချိုမင်းကိုယ်တို့ xxxxx ဘာသာထဲဝင်ရမယ်.။"

"ဟင်..ကိုယ်ကြိုက်တဲ့ဘာသာယူလို့ရတယ်မဟုတ်ဘူးလား"

"မရဘူးချို ကိုယ့်ခင်ပွန်းရဲ့ဘာသာကို ဇနီးသည်ကလိုက်ယူရတာ ကိုယ်တို့
xxxxx ဘာသာရဲ့ထုံးစံပဲ၊ ဒါကြောင့်ချိုမဖြစ်မနေပြောင်းမှဖြစ်မယ်"။

"အကိုပဲလက်ထက်ပြီးရင်ချို့အလိုကျအားလုံးဖြစ်စေရမယ်ဆို"

"အေးလေ အားလုံးချို့အလိုကျ ထားတယ်လေ အခုချို့မှာ တီဗွီ၊ ဗီစီဒီ၊ရေခဲသေတ္တာ၊ အဲယ်ကွန်း၊ တယ်လီဖုန်း၊ သွားစရာရှိရင်ကားအားလုံးပြည့်စုံနေပြီ။ ဒါတွေအားလုံးချို့ကိုချစ်လွန်းလို့ ကိုယ်ပြည့်ပြည့်စုံစုံထားပေးတာလေ"

အိမ်ထောင်ရှင်မိန်းမတစ်ယောက်ရဲ့ဘ၀ဟာခေတ်မှီင်္တဲ့ရုပ်ဝတ္ထုပစ္စည်းတွေပြည့်စုံနေရင် လုံလောက်ပြီ  လို့ထင် ခဲ့တဲ့သူမရဲ့အသိဟာနောက်ကျခဲ့ရပါပြီ။ အရှုံးပေးလက်မြောက်ခြင်းနဲ့ပဲ သူမခင်ပွန်းရဲ့အလိုကျ ဘာသာ ပြောင်း ခဲ့ရပါပြီ။



"ဟယ်...အမေလာတယ်၊ ၀မ်းသာလိုက်တာအမေရယ် သမီးလေ အမေ့ကို အရမ်း အောက်မေ့နေတာ၊ အမေနေကောင်းတယ်-နော်"

"အေး..ကောင်းပါတယ်သမီးရယ်၊ အမေလည်း ငါသမီး သားဦးလေးမွေးတယ် ကြားကတည်းက လာချင်နေ တာ အိမ်မှာလေးချက်ပြုတ်ရေး တာဝန်လက်လွဲလို့ မရတာနဲ့ တော်တော်နဲ့မလာဖြစ်ဘူး။ ဒါနဲ့ငါမြေးကြီး ကြည့်စမ်းပါ ရစေအုံးဟယ်။ ငါ့မှာမြေးဦးသင်္ကန်းချီရတော့မှာဆိုတော့ ၀မ်းသာနေတာ..ဟဲ့။"

အမှတ်မထင် ပြောလိုက်သော မိခင်ဒေါ်ရင်၏စကားသံကြောင့် သူမထိပ်ထိပ်ပြာပြာ ဖြစ်သွား ရသည်။ သူမ၏ ခင်ပွန်းက မီးဖိုခန်းမှာ ထမင်းစားနေခိုက်ဖြစ်၍တော်ပေသေးသည်။ ဒေါ်ရင်ကတော့ သူမအဖြစ်ကိုမသိရှာပဲ
ကလေးကိုကောက်ယူပွေ့ချီချော့မြူနေပါသည်။

အကြားအမြင်ဗဟုသုတနည်း၍ ရိုးသားလွန်းသောမိခင်နှင့် xxx ဘာသာဝင်ခင်ပွန်းသည် တို့အကြား ပဋိပက္ခ မဖြစ်စေရန် သူမသတိကြီးစွာထား၍ဂရုစိုက်ခဲ့သည့်ကြားမှာပင် ပြဿနာက ရိုင်းပြစွာဝင်ရောက်လာခဲ့ ပါသည်။

"ဒီမှာချို မင်းအမေလုပ်ပုံကောင်းသေးရဲ့လား"

"ဟင်...အမေဘာလုပ်မိလို့လဲ"

"ဘာလုပ်ရမှာလဲကွ မနက်ကဘုန်းကြီးတစ်ပါးကို ဆွမ်းထွက်လောင်းတာ ငါကိုယ်တိုင်
မြင်လိုက်လို့ပေါ့"

"သြော်-အစ်ကိုရယ် ရွာမှာလဲ အမေက နေ့တိုင်း ဒီလိုဆွမ်းလောင်းနေကျလေ။ဒီမှာလည်း ထမင်းဟင်း အဆင် သင့်ကျက်ပြီးသားဖြစ်နေတာနဲ့လောင်းလိုက်တာနေမှာပါ"

"မလိုချင်ဘူးကွာ- သူအိမ်မှာသူဘာလုပ်လုပ် ငါ့အိမ်မှာ ငါမကြိုက်တာ မလုပ်ရဘူး။ ဒီကိစ္စမင်းပြောရင်ပြောမင်းမပြောရင်ငါပြောရလိမ့်မယ်။"

"အို-အကိုပြောစရာမလိုပါဘူး၊ ချို့ဘာသာအဆင်ပြေအောင်ကြည့်ပြောပါ့မယ်။"

မိခင်အား ရန်လိုထိပါးလာမည့်ကိစအတွက် သူမကြမ်းတမ်းစွာတုန့်ပြန်လိုက်ချင်ပါသည်။ သို့သော်ပြဿဿဿသနာ ပိုကြီးထွားလာနိုင်သည့်အတွကနာကျင်မှုတို့ရောစွက်နေသောဒေါသကို အသာမျိုသိပ် ထားလိုက်ရသည်။

သူ့မိခင်ပြန်သောနေ့တွင် မော်တင်သင်္ဘောဆိပ်သို့သူမကိုယ်တိုင် လိုက်ပို့ဖြစ်သည်။ ကားပေါ်က အဆင်းမှာပင်
ယခင်ကသူမနှင့်အတူဈေးရောင်းခဲ့သော ရွာသူ အိမ်နီးချင်းမိန်းကလေးများနှင့်ဆုံဖြစ်သည်။

"ဟယ်-မချို ၀လာလိုက်တာဟယ်၊ သူဌေးမရုပ်တကယ်ကျတယ်သိလား၊နင်ငါတို့ကို သတိရသေးရဲ့လား-ဟင်။ ငါ့မှာတော့နင့်ကိုနေ့တိုင်းသတိရနေတာ။"

"အေးမာရယ်-ငါလည်းနင်တို့ကိုသတိရပါတယ်၊ ငါမှာအပြင်လဲကောင်းကောင်းထွက်ခွင့် မရ၊ သားလေးကလည်း
ရှိနေတော့အိမ်ထဲမှာပဲအောင်းနေရတယ်။"
 


"သြော် ဒါနဲ့မချို-ဒီနှစ်ရွာဦးကျောင်းကထိန်မှာ ဆိုင်းပါတယ်သိလား၊တန်ဆောင်တိုင် မီးပန်းတောင်းလှည့်ပွဲကလဲ အရင်နှစ်တွေထက်ပိုစည်မှာရန်ကုန်ကဦးကျော်မြင့်တို့က-ကထိန်မှာ ငွေမတည်ပြီး မီးပန်းတောင်းပွဲကို
အထူးစပါယ်ရှယ်လုပ်ပေးမှာတဲ့။ အဲဒါ-နင်လာခဲ့ပါ့လားဟယ်။"

"အေးဟယ်ငါလာချင်လိုက်တာ နင်တို့ပြောမှ ငါရွာကိုပိုပြီးတောင်သတိရလာတယ်။"

ပြောသာပြောရသည် သူမဘ၀သည် ရွာကစည်ကားလှသောအလှူပွဲ၊ ကထိန်ပွဲများနှင့် အဆက်ပြတ် ခဲ့ရပြီဖြစ် သည်။ 
"မည့်သည့်ပွဲတော်ကိုမျှမသွားရဟု"
တချက်လွတ်အမိန့် ထုတ်ခံခဲ့ရပြီးဖြစ်သည်။ ကိုယ့်ဝမ်းနာကိုယ်သာသိမို့ သူငယ်ချင်း များကို ရွာအကြောင်း မပြောဖြစ်အောင်စကားလမ်းကြောင်းပြောင်းလိုက်ရသည်။မိမိ၏ကျဉ်းကျပ်သောဘ၀နှင့် ရွာကိုလွမ်းဆွတ်သော ရင်တွင်းဝေဒနာတို့ကိုသူငယ်ချင်းများမရိပ်မိစေရန်အပြုံးတုဖြင့် ဖုံးထားရင်းစကားပြောနေရသည်။

အပြန်လမ်းတစ်လျှောက်တွင် ကားပေါ်လိုက်ပါရင်း ရွာကပွဲတော်တွေအကြောင်း သူမတွေးနေ မိသည်။ သူမ၏ အပျိုစင်ဘ၀ အပျော်ဆုံးအချိန်များသည် ရွာမှပွဲတော်ရက်များပင် ဖြစ်ခဲ့ရသည်။ အလှူပွဲ၊ ဘုရားပွဲ၊ ရှိပြီဆိုလျှင်
တဒေါက်ဒေါက် ဓါးချက်သံလေးများဖြင့် စည်းချက်ညီညာသော ကြက်သွန်လှီးပွဲမှာ သူမပါဝင်စမြဲ။ ကွမ်းတောင် ပန်းတောင်ကိုင်အဖွဲ့နှင့်အမျိုးသမီးဝေယျာဝစ္စအဖွဲ့များတွင်သူမသည်အရေးပါသူတစ်ယောက်။ ၀ါတွင်း ဥပုသ်နေ့ များနှင့်သင်္ကြန်ရက်များတွင်ဥပုသ်သည်များအား ကျွေးမွေးရန်မုန့်လုံးရေပေါ် လုပ်ရသည်မှာလဲ ပျော်စရာ
ကောင်းလှသည်။ ရွာမှာကျန်ရစ်ခဲ့သော သူငယ်ချင်းများမှာ ပျော်ရွှင်စရာ ဤပွဲတော်ရက်များကို ဆက်လက်ဆင်နွဲ ကျပေဦးတော့မည်။

သူမမှာတော့ပွဲတော်ရက်များရောက်တိုင်း လွမ်းမောခြင်းနဲ့သာအချိန်ကုန်နေရပြီဖြစ်သည်။ ကြိုတင်တွေးမထား မိသောဆုံးရှုံးမှုများကိုသူမဆက်ပြီးမစဉ်းစားချင်တော့။ မျက်လုံးအစုံကိုပိတ်၍ အတွေးကိုရပ် ရန်ကြိုးစားလိုက် သည့်တိုင် မျက်ရည်စီးကြောင်းတို့က ပါးပြင်ပေါ်သို့လိမ့်ဆင်းလာသည်။

ဤခုနှစ်ဆူကုန်သော......မြတ်ဘုရားကိုယ်တော်အပေါင်းတို့သည်...ဤမင်္ဂလာမဏ္ဍပ်.....ကျောင်းတော်
အမှတ်ဖြင့်သာလျှင်... ရွှေဖ၀ါးရတနာ... စကြာရွှေဖ၀ါး.... ဖြန့်ငြား........ ဖန့်ငြားပါစေသော်။

သူမတို့နေရာနှင့် မလှမ်းမကမ်းတွင်ရှိသော မဟာသိမ်တော်ကြီးကျောင်းတိုက်မှ လွင့်ပျံလာသော အသံချဲ့စက် အသံ။ ဤသီချင်းသံသည် ရွာမှာအလှူဘုရားပွဲရှိတိုင်း ဖွင့်နေကျ သီးချင်းသံဖြစ်သည်။ အခုမှပို၍တမ်းတစွာ နားထောင်ဖြစ်သည်။ ရွာကိုပို၍သတိရမိသည်။သူမတို့အရပ်တွင် အလှူအစနေ့တွင် အသံချဲ့စက်ရောက် သည်  နှင့်တပြိုင်နက်သီချင်းသံကို စတင်ကြားရသည်။ ထိုအချိန်တွင် သူမတို့အမျိုးသမီးအုပ်စုကကြက်သွန်လှီး၊ ကြက်သွန်ခွာဖြင့် အလုပ်ရှုပ်ကြမည်။



ဦးညွန့်တို့ဦးအောင်လံတို့၊ ဦးကြီးများက အကျီဗလာကျင်း၍ ပုဆိုးခေါင်းပေါင်းဖြင့် လာရောက် ထမင်းချက်ကြ မည်။ ကလေးတသိုက်က ဆူညံစွာ ပြေးလွှားဆော့ကစား၍အချို့ကအသံချဲ့စက်နားတွင် ၀ိုင်းအုံနေကြ မည်။ ညနေပိုင်းတွင်အလှူအိမ်ကကျွေးမွေးသော သီးစုံချဉ်ရေဟင်း၊ ငံပြာရည်ချက်၊ တို့စရာတို့ဖြင့် ကလေးလူကြီး အားလုံးပျော်ပျော် ပါးပါးစားသောက်ကျတော့မည်။ဤသီချင်းနှင့် စိတ်ကူးထဲကရွာအလှူပွဲ၏ပုံရိပ်မြင်ကွင်း အစုံ သည်သူမနှလုံးသားထဲ အသွေးအသားထဲအထိ ရုန်းကြွလှုပ်ရှားဆူဝေလာစေ၏။ ရင်တလှပ်လှပ် တုန်လာသည် အထိ ရွာကိုအောင်းမေ့မိ၏။ အိမ်အပြင်ထွက်၍အသံချဲ့စက်အသံကြားရာသို့ သူမ ထွက်ကြည့်လိုက်သည်။

ယောဂီလုံချည်များဝတ်လျှက် သာသနာတော်အကျိုး အတွက် ငွေဖလားကိုယ်စီကိုင်ကာ အလှူခံနေသူများ၊ တက်စွမ်းသရွေ့ထည့်ဝင်လှူဒါန်းသွားကျသူများ၊ ကျောင်းတော်ကြီးအတွင်းဝင်၍ ဘုရားဝတ်ပြုနေသူများ၊ ကျက် သရေရှိလှသော မြင်ကွင်းအစုံကို သူမလွမ်းမောစွာ ငေးကြည့်နေမိသည်။ ဖြစ်လိုရာဖြစ်စေတော့ ပိုက်ဆံအိတ် ထဲမှ ငွေသုံးထောင်ကျပ်ကို ထုတ်ယူ၍ခပ်သုတ်သုတ်သွားလှူလိုက်သည်။ ဘ၀တသက်တာ အတွင်းမှာ အရသာ အရှိဆုံးအလှူဟုသူမဘာသာမှတ်ချက်ပြုရင်း ကြည်နူးလိုက်သည်ဖြစ်ခြင်း။

"ဒကာမကြီး-ကိုရင်တစ်ပါးဆွမ်းခံကြွလို့ရမလား"
သင်္ကန်းကို သပ်ရပ်စွာရုံထားသော ကိုရင်နှစ်ပါးက သူမကိုမြင်၍ဆွမ်းဖိတ်လိုက်ခြင်း ဖြစ်သည်။ ဘာသာခြားအများ စုနေထိုင်သောဤနေရာတ၀ိုက်တွင် မြန်မာရုပ်ပေါ်လွင်နေသောသူမကို တွေ့လိုက်၍ အားကိုးတကြီး ဆွမ်းဖိတ် လိုက်ခြင်း ဖြစ်သည်။ သူမဘာပြောရမှန်းမသိတော့။ကိုရင်များကိုခပ်တွေတွေကြည့်နေမိသည်။

"အရှင်ဘုရား တပည့်တော်.......?........xxxxxx ဘာသာကြားထဲ ရောက်နေလို့
ဆွမ်းလှူခွင့်မရှိပါဘုရား"

တစ်ဆို့နေသော လည်ချောင်းအတွင်းမှ သူမ အသံချောက်ကပ်စွာ ထွက်ပေါ်လာသည်။ ကိုရင်များ ကသူမကို ဘာသာခြားဟုတ်ပါ့မလားဟု သံသယအကြည့်ဖြင့် ကြည့်၍ လှည့်ပြန်သွားကြလေပြီ။

အလှူအတန်း ရက်ရောသောအဘိုးအဖွားတို့၏မြေးဖြစ်သူ. သဒ္ဓါစေတနာထက်သန်သော အမိအဖတို့၏ သမီးဖြစ်သူ၊ ကုသိုလ်ကောင်းမှုဖြင့်ဝေးခဲ့ရ၍ အလှူအတန်းကိုရက်ရောစွာ ပြုလုပ်လိုသူ ယခုတော့ ဆွမ်းလာ ဖိတ်သော ကိုရင်များကိုဘာသားခြားပါဟူ၍ ငြင်းဆန်လိုက်ရပြီ။ ရင်ထဲမှာ နင့်နေအောင် ခံစားလိုက်ရသည်။

တလှိုက်လှိုက် တက်လာနေသော ရင်တွင်းသောကကို ဘယ်လိုမှထိန်းမထားနိုင်တော့။အိပ်ခန်းတွင်းသို့ဝင်၍ အားရအောင် ငိုရှိုက်ပစ်လိုက်သည်။ ဘယါသူမပြု မိမိမှု့ဘယ်သူ့အပြစ်မှမဟုတ် မိမိ ပြင်မရသော အပြစ်ကြီး .......။

တိတ်ဆိတ်သောပတ်ဝန်းကျင် ခပ်စိမ့်စိမ့်လေနုအေးကြည်နူးဖွယ်ဆည်းလည်းသံတို့ကို ခံစားရင်း အလင်းရောင် ခပ်ဖျော့ဖျော့အောက်ဝယ်ထီးထီးမားမားတည်ရှိနေသော စေတီတော် မြတ်ကြီးကို ဦးချရှိခိုးလိုက် သည်။ တဒင်္ဂ အခိုက်အတန့်လေးရယ်ပေါ့။သည်အခိုက်အတန့် လေးမှာပင် မြင်ကွင်းအားလုံးပျောက်ကွယ်ခဲ့ရပါပြီ။ သူမ အိပ် ယာကလန့်နိုးခဲ့သည်။

3 နှစ်ကြားပြီးနောက် .......

"mom...ဘာလုပ်နေတာလဲဟင်"

အနီးတွင်ထိုင်နေသောသားလေးက သူမအား နားမလည်ဟန်ဖြင့်မေးလိုက်သည်

"သြော်--သားသား--mom ဘုရားရှိခိုးနေတာလေ။ ဟောဟိုမှာတွေ့လား။ အဲဒါသားသားတို့ ဘုရားကြီးပေါ့။ သားသား လည်း ရှိခိုးရမယ်နော်"။

သားလေးကိုသူမရင်ခွင်ထဲထိုင်စေလိုက်သည်။ လက်နှစ်ဖက်ကို လက်အုပ်ချီပုံစံပြုစေ၍ နဖူးထက်တွင် တင်ပေး ရင်း စေတီတော်မြတ်ကြီးရှိရာသို့ဦးတိုက်ထားလိုက်သည်။

"သားသားလိုက်ဆိုစမ်း mom ဆိုသလိုလိုက်ဆိုစမ်း .........."

"..ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ.......၊
ဓမံ္မ သရဏံဂစ္ဆာမိ....၊
သံဃံ သရဏံ ဂစ္ဆာမိ။ "

သားလေးကို တိုင်ပေးရင်း သူမရောသားလေးပါ သရဏဂုံဆောက်တည်ပြီး ဖြစ်သည်ဟု မှတ်ယူ လိုက်သည်။

ဘုရားကပြန်လာပြီး နောက်တနေ့မှာပင် သူမခင်ပွန်းက ဆန့်ကျင်ဘက်ဖြစ်လွန်းသော စကားတစ်ခွန်းဖြင့် တိုင်ပင် ခဲ့ပါသည်။

"ချို-သားလေးကို xxxx ခ်ါသွားအုံးမယ်"

"အို-သားလေးက.. အခုမှလေးနှစ်ကျော်ရုံလေးရှိသေးတာ ငယ်ပါသေးတယ်။ အစ်ကိုရယ်ဖြည်းဖြည်းမှခေါ်တာပေါ့။"

"ကို..ဆရာတစ်ယောက်နဲ့တိုင်ပင်ပြီးပြီခေါ်သွားမှဖြစ်တော့မယ်။"

ဆန္ဒ၏နောက်မှာအာဏာတို့ ရောစွက်နေသော သူမခင်ပွန်း၏စကားလုံးများကိ သူမတော် လှန်တားမြစ်နိုင်စွမ်း မရှိခဲ့ပါ။ အိမ်ထောင်ဦးစီးမဟုတ်ပါလား။

သူမခင်ပွန်းနှင့်သားလေးတို့ ထွက်သွားပြီး တစ်နာရီခန့်အကြာမှာ သူမအမည်ကို အရေးတကြီး ခေါ်သံကြား လိုက်ရသည်။

"မချို-----မချို----မချို"

"ဟဲ့----ဘာလို့ဒီလောက်အရေးတကြီးခေါ်နေရတာလဲ"

"အစ်မယောက်ျားမှာသွားတယ် .. ၀တ်ကျောင်းကအပြန် နင့်သားကို ချင်းချင်း ၀ိုင်းရိုက်လို့ ခေါင်းကွဲတာ ..အဲဒါ ဆေးရုံကို အမြန်လိုက်ခဲ့ပါတဲ့"

"ဘာ..သားလေးအရိုက်ခံရလို့"

သူမရင်ထဲ မီးစနှင့်ထိုးသွင်းခံရသကဲ့သို့ ခံစားလိုက်ရသည်။ ရပ်ထားသောကြမ်းပြင်နေရာသည် ဦးစိုက် ကျွမ်းပြန် ဖြစ်သွားသည်ဟု မှတ်ထင်လိုက်ရသည်။ဆေးရုံကိုအမြန်ဆုံးလိုက်သွားလိုက်သည်။ ရုပ်ပျက် ဆင်း ပျက်ဖြစ်နေသော သားလေးအလောင်းကို တွေ့လိုက်တော့ သူမရင်ထဲဆို့နင့်သွားသည်။ သားလေးအား ကြီးစွာသောသနားခြင်းနှင့်အတူ လက်လွတ်ဆုံးရှုံးလိုက်ရပြီဟူသောအသိကြောင့် နှလုံးသားသည် တ ဆက် ဆက်တုန်နေ၏။ ငိုရှိုက် လိုက်သည့်တိုင်ရင်ဝ၌တစ်ဆို့နေသောကြောင့် အသံထွက်မလာတော့။ သားလေးအား သဂြိုလ်ပြီးစီးသည့်နေ့မှာပင် သူမခင်ပွန်းကပဟေဠိဆန်သောမေးခွန်းတစ်ခုကိုမေးလာသည်။

"ချို--ကိုယ်တို့သားလေးဆုံးရတာ ဘာကြောင့်လဲသိလား"

"သိတယ်လေ--ရှင့်ကြောင့်ပေါ့။ သားကိုခေါ်သွားလို့ပေါ့။ကျွန်မခေါ်မသွားနဲ့အုံးလို့ တားပါလျှက်နဲ့ ဇွတ် အတင်းခေါ်သွားတယ်။ ရှင့်ကြောင့်ကျွန်မသားသေရတာလေ။"

သားလေးအတွက် ခံစားခဲ့ရသော နာကျင်မှုနှင့်ဒေါသတို့ ရောစွက်နေသည်ကြောင့် သူမကြမ်း တမ်းစွာပြောဆို ပစ်လိုက်သည်။

"အေး..ငါလည်း အဓိကတရားခံဘယ်သူလည်းဆိုတာ သိစေချင်လို့ မင်းကိုမေးတာ။ သားလေး မဆုံးခင်နေ့က အပြင်သွားတဲ့ကိစ္စ အိမ်နီးချင်းတွေပြောလို့ငါအားလုံးသိပြီးပြီ။သားလေးကို မင်းတို့ရွှေတိဂုံဘုရားခေါ်မသွားခဲ့ ရင် ငါလည်း xxxxx ပို့ဖို့အလောတကြီး စီစဉ်မှာမဟုတ်ဘူး။ သားလေးဆုံးစရာ အကြောင်းမရှိဘူး။သားလေး ဆုံးရခြင်းရဲ့ အဓိကတရားခံက..မင်းကွ..။ မင်းသိရဲလား။"

"အို--ရှင်မဆိုင်တဲ့ကိစ္စကိုလာပြီးမစွပ်စွဲပါနဲ့ အမေတစ်ယောက်က သူ့သားတစ်ယောက်ကို သူတို့ဘုရားခေါ်သွား တာ အပြစ်ပြောစရာမဟုတ်ဘူး။ ဒါဘာထူးဆန်းလဲ"

"အေးသူများတွေအတွက် မထူးဆန်းပေမယ့် မင်းအတွက်ထူးဆန်းတယ်ကွ မင်းကိုယ်မင်းပြန်မေးကြည့်စမ်း။ ဘာ--ဘာသာဝင်လဲဆိုတာ၊ မင်းက xxxx ဘာသာဝင်ဖြစ်နေပြီလေ"။

သူမရယ်သွမ်းသွေးရင်းပြန်လည်ချေပလိုက်သည်။

"ဟင်း--ဟင်း--ဟင်း၊ ကျွန်မလား ဗုဒ္ဓဘာသာဝင်လေ။ကျွန်မရွှေတိဂုံဘုရားကြီးဆီမှာ သရဏဂုံဆောက် တည်ပြီး သွားပြီ အခုကျွန်မဗုဒ္ဓဘာသာဝင်ဖြစ်နေပြီလေ"

"ဘာ---ဘာပြောတယ်။ မင်းစော်ကားတယ်ပေါ့။ ငါတို့ဘာသာထဲဝင်ပြီး တခြားဘာသာ ပြန်ပြောင်းတယ်ပေါ့"

"စော်ကားတာမဟုတ်ဘူး။ ကျွန်မရဲ့ကိုယ်ပိုင်အခွင့်အရေးကိုကျွန်မဘာသာဖန်တီးယူတာ။ အခုကၽြန္မမွာ သားေ လးလဲမရိွေတာ့ဘူး။ဘာမှငှဲ့ကွက်စရာအကြောင်းမရှိတော့ဘူး။ ဒီတော့ ရှင့်ကို ဆက်ပြီး မပေါင်းနိုင်တော့ဘူး။ ကျွန်မရဲ့အခွင့်အရေးတွေကို ကျွန်မဆက်ပြီး ဆုံးအရှုံးမခံနိုင်တော့ဘူး"

"အေး--ဒါဆိုရင်ကောင်းပြီလေ အိမ်မှာရှိတဲ့ပစ္စည်းကိုတော့ မင်းဘာတစ်ခုမှရလိမ့်မယ်မထင်နဲ့ မင်းကြိုက် တဲ့ နေရာ သွားနိုင်တယ်"။

သူမအ၀တ်အစားများကို အိမ်ထောင်ကျစဉ်က ယူလာခဲ့သောအိတ်ဖြင့် ထည့်၍ သင်္ဘောဆိပ်သို့ ထွက်လာခဲ့ သည်။ သူမအတွက် ရှေ့ဆက်ပြီးလုပ်ရမည့်အလုပ်နှင့်သွားရမည့်နေရာအတွက် ဆုံးဖြတ်ချက်တစ်ခုကို ခိုင်မာစွာ ချလိုက်သည်။ ခရီးသည်များ နားနေခန်းသို့ဝင်၍ စာတစ်စောင်ရေးလိုက်သည်။

.....x"အေးမာ၊ မဆွေ၊ ခင်မိုး။ ငါစာရေးလိုက်ပါတယ်။ နင်တို့ဒီစာကို ဖက်နေတဲ့အချိန်မှာ ငါဟာ မချို အဖြစ် နဲ့မဟုတ်တော့ပဲ လောကီကိုစွန့်ခွာသွားတဲ့သီလရှင်တစ်ပါး ဖြစ်နေပါပြီ။ ငါလေတို့ငယ်ငယ်က နုတ်တိုက် ကျက်ခဲ့ဘူးတဲ့ သားသမီးကျင့်ဝတ်ငါးပါး လင်္ကာထဲက

"စောင့်လေမျိုးနွယ်"

ဆိုတဲ့စာကြောင်းလေးကို မိုက်မဲစွာလျစ်လျူရှုခဲ့မိတယ်။ ဒါကြောင့် ငါဟာ.. ဘာသာလဲဆုံး၊ သားလဲဆုံး၊ ဘ၀လည်း ဆုံးခဲ့ရတယ်။ အမျိုးအနွယ်ကို စောင့်ရှောက်ဘို့တာဝန်ပျက်ကွက်သူ၊ ဒို့ရဲ့ချစ်စရာကျေးလက်စရိုက်တွေ နဲ့ ဝေးကွာသူလည်း ဖြစ်ခဲ့ရတယ်။နင်တို့နဲ့အတူ တခြားဒို့ရဲ့သူငယ်ချင်း တွေကို ငါ့လိုအဖြစ်မျိုး မကြုံရအောင် ငါ့ဘ၀ကို သင်ခန်းစာယူပြီး အိမ်ထောင်ပြူမမှားကြပါနဲ့လို့ ငါသတိပေး တိုက်တွန်းလိုက်ပါတယ်"။

နင်တို့ရဲ့သူငယ်ချင်း

မချို

စာအိတ်ကိုပိတ်၍ ဧရာဝတီသင်္ဘောစာရေးကြီးအား သူမတို့ရွာသို့ ပေးဘို့ရန် မှာကြား လိုက်သည်။ ဤစာသည် ဆုံးရှုံးခံဘ၀ဖြင့်ရင်း၍ရခဲ့သော သူမ၏နောင်တဝေဒနာများ အတွက် သူမတက်နိုင်သောအစားထိုးကုသမှုဟု ခံယူလိုက်သည်။သင်္ဘောများဥဒဟိုသွားလာနေသောရန်ကုန်မြစ်ပြင်ကြီးကို ကျောခိုင်းလိုက်သည်။သူမရင်ထဲမှာ အိမ်ထောင်ရေး နောင်တများ၊ ဘ၀သင်ခန်းစာများ၊ လောကီသံဝေဂများ၊ပွေ့ပိုက်ထည့်သွင်းလျှက် သူမ၏ခြေ လှမ်းများက သီလရှင်များနေသော ကျောင်းတိုက်ဆီသို့တရွေ့ရွေ့။ တရွေ့ရွေ့ ။
(မှတ်ချက်

ဖိုးပညော(သပိတ်ကျင်း)-ရေးသည်ဟု ယူဆမိပါသည်..။)


Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်