အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » , » ကျွန်မ ရဲ့ အလွမ်းတေး

ကျွန်မ ရဲ့ အလွမ်းတေး

Written By MyanmarChnnel@ on Saturday, August 30, 2014 | 10:46 PM


အရာရာ မပြည့်စုံခဲ့သော 
ကျွန်မ ဘ၀အတွက် 
တမ်းတခြင်းက 
ဂီတ တစ်ခုတော့ 
ဖြစ်နိုင်ပါသေးတယ်။

အရာရာ မဖြစ်တည်ခဲ့သော 
ကျွန်မ ဘ၀ အတွက် 
မျှော်လင့်ခြင်းက 
သံစဉ်တစ်ခုတော့ 
ဖြစ်နိုင်ပါသေးတယ်။

အရာရာကျရှုံးခဲ့သော 
ကျွန်မ ဘ၀ အတွက် 
နှစ်သိမ့်ခြင်းက 
စာသားတစ်ကြောင်းတော့ 
ဖြစ်နိုင်ပါသေးတယ်။ 

အရာရာပျက်သုန်းခဲ့သော
ကျွန်မ ဘ၀အတွက် 
သည်းခံခြင်းက
တေးတစ်ပုဒ်တော့ 
ဖြစ်နိုင်ပါသေးတယ်။ 

အမုန်းနဲ့ အရှုံး 
ကျဆုံးခြင်းနဲ့ ပေးဆပ်ခြင်း 
နာကျင်မှုနဲ့ ကြေကွဲမှု 
ပျက်သုန်းမှုတွေကို
ပိုင်ဆိုင်နေရတောင် ....

အလွမ်းတေးသွားတစ်ပုဒ်နဲ့ 
ကျွန်မ ဘ၀ကို အားပေးရင်း 
ကျွန်မရဲ့ အနာဂတ်အတွက် 
ကျွန်မကိုယ်တိုင် စာသားရေး 
သီဆိုပေးနေအုံးမှာပါ။ 

လွမ်းဆုလေး
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်