အလည်လာရောက်သောမိတ်ဆွေများ အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ၊ စာပေများ၊ နည်းပညာများ ၊ဆော့ဝဲလ်များ၊ ကိုလည်းလေ့လာနိုင်သလို Facebook Page ကိုလည်း Like မလုပ်ရသေးရင် Like လုပ်ထားပေးပါဦးနော်Blogger Tips and Tricks
Home » » သံဃာပြစ်မှားလို့ ခွေးစားခံရတယ်

သံဃာပြစ်မှားလို့ ခွေးစားခံရတယ်

Written By MyanmarChnnel@ on Sunday, July 14, 2013 | 8:37 PM

ကုသိုလ်ကံ၊ အကုသိုလ်ကံသဘောမှာ နောက်မှ အကျိုးပေးတာလည်း ရှိတယ်။ ဒီဘ၀မှာတင် အကျိုးပေးတာလည်း ရှိတယ်။ တစ်ခါတစ်လေ အရင်ဘ၀က ကုသိုလ်အရှိန်အားကြီးနေသေးလို့ အကုသိုလ်ကံဟာ ဒီဘ၀မှာ ချက်ချင်းအကျိုးမပေးတာလည်း ရှိတယ်။ တစ်ခါတစ်လေ အရင်ဘ၀က အကုသိုလ်ကံအရှိန်ဟာ အားကြီးနေသေးလို့ ကုသိုလ်ကံဟာ ဒီဘ၀ချက်ချင်းအကျိုးမပေးပဲ နောက်ဘ၀တွေကျမှ အကျိုးပေးတာလည်း ရှိတယ်။ ဘာပဲပြောပြော အကျိုးပေးချိန်တန်ရင်တော့ ကိုယ်ပြုခဲ့တဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံဟာ အကျိုးပေးတာပါပဲ။ အခုတင်ပြပေးမှာက ဘုရားလက်ထက်က လက်ရှိဘ၀မှာတင် မကောင်းကျိုးခံစားရတဲ့ ဇာတ်လမ်းလေးပါ။


ကောကဆိုတဲ့မုဆိုးဟာ ခွေးတစ်အုပ်နဲ့ နေ့စဉ် တောလိုက်ပြီး အသက်မွေးရတဲ့သူပေါ့။ သူသိတာ တောလိုက်ဖို့ပဲ။ တစ်နေ့ တောလိုက်သွားရင်း လမ်းမှာ ရဟန်းတစ်ပါး ဆွမ်းခံကြွတာနဲ့ သွားတိုးတယ်။ "သွားပါပြီ၊ ဒီနေ့ စောစောစီးစီး အမင်္ဂလာနဲ့လာတွေ့နေတယ်။ သားကောင်တော့ရမှာမဟုတ်ပါဘူး" တကယ်ပဲ တောလိုက်တဲ့အခါ တိုက်တိုက်ဆိုင်ဆိုင် ဘာသားကောင်မှ မရပါဘူး။ စိတ်ထဲက ရဟန်းကိုပဲ ဒေါသထွက်နေမိတာပေါ့။ စိတ်ညစ်ညစ်နဲ့ ပြန်လာတယ်။ ဆွမ်းခံပြီး ပြန်ကြွလာတဲ့ ရဟန်းနဲ့ထပ်တိုးပါလေရော။ ရဟန်းကပဲ ကံဆိုးတာလား။ ဒီတစ်ခါတော့ သူ့ဒေါသကို မမျိုသိပ်ထားနိုင်တော့ပါ။ ဒါနဲ့ သူ့ရဲ့ ခွေးအုပ်ကြီးနဲ့ ရှုးတိုက်ပါလေရော။ ရဟန်းလည်း အခြေအနေမဟန်တော့ သပိတ်ချပြီး နီးရာသစ်ပင်ပေါ် အပြေးအလွှား တက်လိုက်ရတယ်။ သစ်ကိုင်းကြီးကို ဖတ်တွယ်ထားတယ်။ ခြေထောက်နဲ့ သင်္ကန်းက အောက်ကို တန်းလန်းကျလို့။ ခွေးတွေကလည်း သားကောင်မကိုက်ရလို့ မဲနေတာထင်ပါ့။ အတင်းကို ကိုက်စားမယ်တကဲကဲ ၀ိုင်းဟောင်တော့တာပဲ။
မုဆိုးက စိတ်မရှည်တော့ ချွန်ထက်နေတဲ့ မြားတံကို ဆွဲထုတ်၊ တန်းလန်းကျနေတဲ့ ရဟန်းခြေထောက်ကို လှမ်းထိုးတယ်။ ရဟန်းလည်း စူးရှနာကျင်တဲ့ ဒဏ်ခံစားရတော့ ခြေထောက်ကို ရှောင်တိမ်းရင်း ၀တ်ထားတဲ့ သင်္ကန်းပြုတ်ကျမှန်းမသိလိုက်ဘူး။ ဖြစ်ချင်တော့ သင်္ကန်းဟာ အောက်က မုဆိုးပေါ် သွားအုပ်မိတယ်။ အဲဒီမှာ ခွေးတွေက ရဟန်းပြုတ်ကျလာတယ်မှတ်လို့ မုဆိုးကို ၀ိုင်းကိုက်ဆွဲကြတာ။ နောက်ဆုံး မုဆိုးဟာ အရိုးပဲ ကျန်ပါတော့တယ်။ ရဟန်းလည်း မဟန်တော့ပဲ အပေါ်ကနေပြုတ်ကျတာ ခွေးအုပ်ပေါ်ကျသွားတယ်။ ဒီတော့မှ ခွေးတွေဟာ သူ့သခင်ကို ကိုက်စားမိမှန်းသိပြီး တောထဲ ပြေးဝင်သွားကြလေရဲ့။

ဇာတ်လမ်းလေးကတော့ ဒါပါပဲ။ အရမ်းသံဝေဂရစရာပါ။ ခုခေတ်မှာလည်း ထင်ယောင်ထင်မှားနဲ့ သံဃာအစစ်တွေကို ရိုက်နှက်တဲ့အထိ မြင်တွေ့နေရတော့ ရှောင်ကြဉ်နိုင်အောင် ဖော်ပြပေးတာပါ။ ချက်ချင်းအကျိုးမပေးလို့ မယုံဘူးဆိုပြီး မပြစ်မှားမိပါစေနဲ့။ အချိန်တန်ရင် ပြန်ခံရမယ်ဆိုတာ သိထားဖို့ပါ။
အားလုံး ဆရာ၊ ဒကာလက်တွဲညီစွာ သာသနာပြုနိုင်ပါစေ။

သတ္တ၀ါမှန်သမျှ အေးချမ်းကြပါစေ .....
Share this article :

0 comments:

Post a Comment

မန်ဘာဝင်ရန်

သိတာလေးတွေပြန်ဖြေပေးပါမယ်။Blogger Tips and Tricks

AD

နောက်ဆုံးတင်ခဲ့သော ပို့စ်များ
အလည်လာရောက်သော မိတ်ဆွေများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်နော်။ နောက်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သတင်းများ ၊ စာပေများ ၊ နည်းပညာများ ၊ ဆော့ဝဲလ်များ ၊ဖျော်ဖြေရေးများ စတာတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်တော့် Page မွာ Like မလုပ်ရသေးသော သူငယ်ချင်းများကလည်း Like လုပ်ပေးခဲ့ကြပါဦးနော်

တစ်ပတ်အတွင်းအကောင်းဆုံးပို့စ်များ

လေ့လာစရာဆိုဒ်လေးများ

 
Support : အလွမ်းများရဲ့ဆောင်ပုဒ်မှ ကြိုဆိုပါတယ်
Copyright © 2013. (အလွမ်းများရဲ့ဆောင်ပုဒ်) - အလွမ်းများရဲ့ဆောင်ပုဒ်- ဆုလေးနွယ်

Proudly powered by ဆုလေးနွယ်